၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဖိုရမ် (ရှုံအန်း) ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဖိုရမ် (ရှုံအန်း) ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ် (ရှုံအန်း) သို့ အောက်တိုဘာ ၂၃ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာကြီးတွင် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ ငြိမ်းချမ်းရေးလိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်၊ စီမံခန့်ခွဲမှု လိုအပ်ချက်များမှာ လျော့နည်းသွားခြင်းမရှိဘဲ ပို၍ များပြားလာကြောင်း သဝဏ်လွှာတွင် ထောက်ပြခဲ့သည်။

မိမိအဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် ပိုမို တရားမျှတ၍ သာတူညီမျှဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တည်ဆောက်ရေးကို တွန်းအားပေးကာ ပိုမို ကောင်းမွန်၍သာယာလှပသော ကမ္ဘာကြီးတစ်ခု တည်ဆောက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အကျိုးကျေးဇူးအတူမျှဝေခံစားခွင့်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို ဖော်ဆောင်ရန်၊ ယုံကြည်မှုများဖြင့် အင်အားများကို စုစည်းရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခက်အခဲများကို ဖြေရှင်းရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ အကောင်အထည်ဖော်မှုကို တွန်းအားပေးကာ ပြောင်းလဲရှုပ်ထွေးနေသည့် ကမ္ဘာကြီးအတွက် သေချာရေရာမှုနှင့် အပြုသဘောစွမ်းအင်များကို ပိုမို   ဖြည့်တင်းပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းသို့ အတူလက်တွဲလျှောက်လှမ်းရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။  

၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံဖိုရမ် (ရှုံအန်း) ကို အောက်တိုဘာ ၂၃ ရက်က တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ “ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြန်လည်တည်ဆောက်ခြင်း — ရာစုနှစ် အခင်းအကျင်း အပြောင်းအလဲနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်ကောင်းမွန်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါဖိုရမ်ကို တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအင်စတီကျုမှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။ (Xinhua)

၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဖိုရမ် (ရှုံအန်း) ဖွင့်ပွဲအခမ်းအနားတွင် သတင်းမီဒီယာသမားများက ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဖိုရမ် (ရှုံအန်း) ဖွင့်ပွဲအခမ်းအနားတွင် သတင်းမီဒီယာသမားများက ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

习近平向2026全球治理论坛(雄安)致信

新华社北京10月23日电 10月23日,国家主席习近平向2026全球治理论坛(雄安)致信。   

习近平指出,当前,世界百年变局加速演进,和平赤字、发展赤字、安全赤字、治理赤字有增无减。我提出全球治理倡议,旨在推动构建更加公正合理的全球治理体系,建设一个更加美好的世界。中国愿同各方一道,践行共商共建共享的全球治理观,以信心汇聚力量,以合作破解难题,推动落实全球治理倡议,为变乱交织的世界注入更多确定性和正能量,携手迈向人类命运共同体。   

2026全球治理论坛(雄安)当日在河北雄安新区开幕,主题为“重建信心与合作:百年变局与改革完善全球治理”,由中国人民外交学会主办。(完)

图说1:这是10月23日拍摄的2026全球治理论坛(雄安)开幕式现场。新华社记者 牟宇 摄

图说2:10月23日,媒体记者在2026全球治理论坛(雄安)开幕式现场拍摄。新华社记者 牟宇 摄