ကူမင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ယူနန်ပြည်နယ် အိုင်းလောင်တောင် ကျင်းဆန်းတောင်ကြားလမ်းတွင် နိုင်ငံတော် ပထမအဆင့် ကာကွယ်ထိန်းသိမ်းသည့် တောရိုင်းတိရစ္ဆာန်၊ ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် အနောက်ပိုင်း ခေါင်းမည်းမျောက်လွှဲကျော်တစ်ကောင်ကို လမ်းနံဘေးသစ်တော၌ ရက်ပေါင်းဆက်တိုက် တွေ့မြင်ရပြီး ခရီးသွားများနှင့် မီတာအနည်းငယ်သာကွာသည်။ ပြည်သူ့ရဲက ကင်းလှည့်မှုမြှင့်တင်ပြီး အနှောင့်အယှက်မပေးဘဲ အဝေးမှသာကြည့်ရှုရန် ပြည်သူများအား သတိပေးခဲ့သည်။ အဆိုပါ မျောက်လွှဲကျော်သည် သစ်ပင်ထက်တွင် လွှဲ၍ခုန်ကူးသွားလာခြင်း၊ ထိုင်၍အနားယူခြင်းတို့ ပြုလုပ်သော်လည်း လူအုပ်ကို ထိတ်လန့်၍ ထွက်ပြေးခြင်းမျိုး မရှိပေ။ အနောက်ပိုင်း ခေါင်းမည်းမျောက်လွှဲကျော်သည် တရုတ်နိုင်ငံ အိုင်းလောင်တောင်၊ ဝူလျန်တောင်တန်းဒေသရှိ အထင်ကရမျိုးစိတ်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေး (IUCN) ၏ အနီရောင်အဆင့် ထိန်းသိမ်းရေးအမည်စာရင်းပါ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် ဖြစ်သည်။ (Xinhua)








