တက်ဟုန်း (ယူနန်)၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

သတ္တမအကြိမ်မြောက် တရုတ်-မြန်မာ ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကို အောက်တိုဘာ ၂၁ ရက်တွင် ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းကိုယ်စားလှယ်များ အပါအဝင် ဧည့်သည်တော် ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး “တရုတ်-မြန်မာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေး” အကြောင်းအရာနှင့်စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်တွင် တက်ရောက်လာသော ဘက်အသီးသီးက စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု၊ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် အစိမ်းရောင် စက်မှုလုပ်ငန်း၊ ကျောင်းဝင်းနှင့်ဒေသန္တရလုပ်ငန်းကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများအတွက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၆ ခု လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်-မြန်မာ ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်သည် တရုတ်-မြန်မာအကြား အမှတ်တံဆိပ်အသွင်၊ ပုံမှန်အသွင် ကျင်းပသော နှစ်ဖက်ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ဖြစ်ပြီး နှစ်ဖက်ဆွေးနွေးမှုနှင့် ဖလှယ်မှု လုပ်ဆောင်သည့် အရေးကြီးပလက်ဖောင်း ဖြစ်လာခဲ့သည်။ (Xinhua)