ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံ၏အမျိုးသားနေ့ရောက်တိုင်းတွင် ပေကျင်းမြို့ရှိ အထင်ကရ ချန်အန်းလမ်းမကြီးသည် စိတ်ကူးအကြံဉာဏ်များ ဝေဝေဆာဆာ ပွင့်လန်းနေသည့်ပန်းခင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေ့ရှိသည်။ သို့သော်လည်း ပန်းများကိုအသေးစိတ်ကြည့်မည်ဆိုလျှင် ပွဲတော်ကာလအထိမ်းအမှတ် အလှဆင်ထားမှုများအပြင် အခြားသော ထူးခြားမှုများကိုပါ တွေ့မြင်ရမည်ဖြစ်သည်။ ပြေးလွှားနိုင်သည့်စက်ရုပ်များ၊ ပြန်လည်အသုံးပြုနိုင်သည့်ဒုံးပျံများ၊ မျိုးဆက်သစ်မြန်နှုန်းမြင့်ရထားများနှင့် မြို့တော်သူမြို့တော်သားများ အပန်းဖြေနိုင်သည့်နေရာအဖြစ် ပြန်လည်အသက်ဝင်စည်ကားလာသည့် မြစ်တစ်စင်းတို့ပင် ဖြစ်သည်။ အဆိုပါပန်းခင်းများက ယနေ့ခေတ် တရုတ်နိုင်ငံ၏ပုံရိပ်လွှာတစ်စိတ်တစ်ပိုင်းကို ထင်ဟပ်နေသကဲ့သို့ ရှေ့ဆက်လာမည့်အရာများကိုလည်း ကြိုတင်မြင်တွေ့နိုင်စေခြင်းပင်ဖြစ်သည်။ (Xinhua)
…………….
(English Version)
China in bloom: beyond the flowerbeds
BEIJING, Sept. 29 (Xinhua) -- Every year, China's National Day turns Beijing's iconic Chang'an Avenue into a giant garden of ideas. But look beyond the flowers, and you'll find more than festive decorations: running robots, reusable rockets, next-generation high-speed trains, and a river reborn as the city's living room. These flowerbeds offer a glimpse of China today, and a preview of what may come next.








