လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
SpaceX ၏ Starship အာကာသယာဉ်သည် စက်တင်ဘာလ ၂၈ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ပတ်လမ်းကို ရောက်ရှိပြီး မျိုးဆက်သစ် Starlink V3 ဂြိုဟ်တု ၂၆ လုံးကို ဖြန့်ကြက်ခဲ့ပြီးနောက် ပျံသန်းနေစဉ်အတွင်း အင်ဂျင်ပြဿနာတစ်ခုဖြစ်ပေါ်နေသောကြောင့် သတ်မှတ်ထားချိန်ထက် စော၍ စမ်းသပ်ခရီးစဥ်ကို အဆုံးသတ်ခဲ့ရကြောင်း သိရသည်။
ဒုံးပျံအား အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ Starbase ဒုံးပျံလွှတ်တင်ရေးစခန်းမှ အလယ်ပိုင်းစံတော်ချိန် နံနက် ၇:၄၈ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ကနဦးပျံတက်ချိန်တွင် Starship နှင့် အာကာသယာဉ်အထူးတွန်းအားပေးသော ပထမအဆင့်ဒုံးပျံ (Super Heavy booster) တို့သည် booster မက္ကဆီကိုပင်လယ်ကွေ့ကို ပြန်ကျမလာခင်အထိ အဆင့်ခွဲခြင်းနှင့် အပူပေးစနစ်များ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်းတွေ့ရသည်။
ပျံတက်ပြီး ခုနစ်မိနစ်ခန့်အကြာတွင် Super Heavy booster သည် မက္ကဆီကိုပင်လယ်ကွေ့ထဲသို့ ပြုတ်ကျသွားဖြစ်သည်။
Booster မှ ခွဲထွက်သွားပြီးနောက် Starship ၏ Raptor အင်ဂျင်တစ်ခုသည် ပျံတက်နေစဉ်အတွင်း အချိန်မတန်မီ ပိတ်သွားခဲ့ကြောင်း SpaceX က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260929/4f19de2a47e945ad8d39c8056bf5c55f/c.html
………………………………………………
(English version)
SpaceX's Starship ends orbital debut flight early
LOS ANGELES, Sept. 28 (Xinhua) -- SpaceX's Starship spacecraft reached orbit for the first time on Monday and deployed 26 next-generation Starlink V3 satellites before ending its test mission earlier than planned following an engine issue during ascent.
The rocket lifted off from SpaceX's Starbase facility in the U.S. state of Texas at about 7:48 a.m. Central Time (1248 GMT).
During the initial ascent, Starship and its Super Heavy booster continued through stage separation and hot staging before the booster began its return to the Gulf of Mexico.
About seven minutes after liftoff, the Super Heavy booster splashed down in the Gulf of Mexico.
After separation from the booster, one of Starship's Raptor engines shut down prematurely during the ascent burn, SpaceX said.
https://english.news.cn/20260929/4f19de2a47e945ad8d39c8056bf5c55f/c.html
Photo caption- This video screenshot released by SpaceX on April 20, 2023 shows the Starship rocket lifting off from the launch pad in SpaceX's Starbase in Boca Chica, Texas, the United States. (SpaceX/Handout via Xinhua)








