တီဟီရန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး၊ စေ့စပ်ညှိနှိုင်းမှုများ တိုးတက်စေရေးနှင့် ပတ်သက်သည့် အီရန်၏ အခြေအနေအမျိုးမျိုးကို ကြားဝင်ဖျန်ဖြေပေးသည့် ကာတာနိုင်ငံနှင့် ဆွေးနွေးခဲ့ပြီး ကာတာနိုင်ငံက အီရန်၏ အဆိုပြုချက်များကို အမေရိကန်သို့ လွှဲပြောင်းပေးမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ ထိုနေ့သတင်းအရ သိရသည်။
အာရက်ဂ်ချီသည် နယူးယောက်မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ကာတာနိုင်ငံ ကြားဝင်ဖျန်ဖြေပေးသူများနှင့် နောက်ဆုံးတွေ့ဆုံမှုအကြောင်း မီဒီယာများထံ မိတ်ဆက်ပြောကြားရာတွင် “အမေရိကန်သမ္မတက ပြောကြားချက်အချို့ ပြောကြားခဲ့ပေမဲ့ ကျွန်တော်တို့ကတော့ အမေရိကန်ဘက်က ကြားဝင်ဖျန်ဖြေပေးသူတွေကနေတစ်ဆင့် တရားဝင်တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေပါတယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။
အာရက်ဂ်ချီက အီရန် အဆိုပြုထားသော အခြေအနေများသည် “လုံးဝတရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိတယ်” ဟုဆိုပြီး “ထိပ်တန်းခေါင်းဆောင်က ဒီအခြေအနေတွေထဲက အချို့ကို အလေးပေးဖော်ပြခဲ့တယ်။ ဒီအခြေအနေတွေကို မဖြစ်မနေ လက်တွေ့ဖော်ဆောင်နိုင်မှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်မယ်” ဟု ပြောကြားခဲ့သည်။
နျူကလီးယားအရေးနှင့်ပတ်သက်၍ အီရန်နိုင်ငံသည် လိုက်လျောမှုရှိသော သဘောထားမျိုး ချမှတ်မည်လော ဟူသော မေးခွန်းနှင့်ပတ်သက်၍ အာရက်ဂ်ချီက ယင်းသည် “အဓိပ္ပာယ်မဲ့သော စကား” ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်-အီရန် ကြားခံဆွေးနွေးမှုကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် စတင်ခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အာရက်ဂ်ချီက စက်တင်ဘာ ၂၅ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အီရန်နိုင်ငံအနေဖြင့် ကာတာနိုင်ငံမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်သည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး အမေရိကန်ဘက်မှ ယင်းနှင့်အညီ လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ပါက ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီး ပုံမှန်ရေကြောင်းသွားလာမှုကို ပြန်လည်ရရှိမည်ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ထရမ့်သည် စက်တင်ဘာ ၂၆ ရက်တွင် အီရန်၏ ဤအဆိုပြုချက်ကို ငြင်းပယ်ခဲ့သည်။ သို့သော် စက်တင်ဘာ ၂၇ တွင် ထရမ့်က Axios သတင်းဝက်ဘ်ဆိုက်နှင့် တယ်လီဖုန်းမေးမြန်းမှုတစ်ခုတွင် ၎င်းအနေဖြင့် အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် လာမည့်တစ်ပတ်အတွင်း စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်မည်ဟု ခန့်မှန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………
(Chinese Version)
伊朗外长:已同调解方沟通重开霍尔木兹海峡条件
新华社德黑兰9月28日电 据伊朗伊斯兰共和国通讯社28日报道,伊朗外交部长阿拉格齐当天表示,伊朗已与卡塔尔调解方讨论了伊朗有关重开霍尔木兹海峡和推进谈判的各项条件,卡塔尔将把伊朗方案转交美国。
据报道,阿拉格齐在纽约联合国大会期间向媒体介绍同卡塔尔调解方的最新会晤时表示,“尽管美国总统发表了一些言论,但我们正在等待美国通过调解方作出正式回应”。
阿拉格齐说,伊朗提出的条件“完全公平合理”,“最高领袖强调了其中部分条件,这些条件必须得到落实,霍尔木兹海峡才能重新开放”。
关于伊朗是否会在核问题上采取灵活立场的问题,阿拉格齐称其是“无稽之谈”。
另据美国媒体报道,美伊间接会谈于28日上午开始。
阿拉格齐25日在纽约联合国总部举行的记者会上宣布,伊朗已通过卡塔尔向美国转达一个有关重新开放霍尔木兹海峡的计划,如果美方据此采取必要行动,霍尔木兹海峡可以在七日内重新开放,恢复正常海运。美国总统特朗普26日称,他拒绝了伊朗这一提议。不过,特朗普27日在接受阿克西奥斯新闻网站电话采访时表示,他预计美国和伊朗将在接下来一周内重启谈判。(完)
图说:6月28日,在伊拉克首都巴格达,伊朗外交部长阿拉格齐在与伊拉克外交部长侯赛因(未在画面中)举行的联合新闻发布会上讲话。新华社发(哈利勒·达伍德摄)








