ချုံချင့်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ယန်ဇီမြစ်ပေါ်တွင် ကားလမ်းနှင့် ရထားလမ်း ပူးတွဲပါရှိသည့် တံတားသစ်တစ်စင်းကို ပုံဖော်တည်ဆောက်လျက်ရှိသည်။
ရှီထော် ယန်ဇီမြစ်ကူးတံတား၏ ကားလမ်းပိုင်းနှင့် ရထားလမ်းပိုင်းများ၏ ပင်မကိုယ်ထည်ချင်းချိတ်ဆက်မှု ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ချုံချင့်-ဝမ့်ကျိုး အမြန်ရထားလမ်းစီမံကိန်း၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် အဆိုပါတံတားကို ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China's new Yangtze River bridge completes closure
A new road-and-rail bridge is taking shape over the Yangtze River in southwest China's Chongqing.
The Shituo Yangtze River Bridge has completed the closure of both its highway and railway sections. As a key project of the Chongqing-Wanzhou high-speed railway, the bridge is expected to open in 2027.








