ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်ရိုးရာဆောင်းဦးလယ်ပွဲတော်မတိုင်မီ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သည့် အမေရိကန်ဆရာမကြီး Gail Chou သည် တရုတ်နိုင်ငံတွင် နေထိုင်ကာ စာသင်ကြားခဲ့သည့်နှစ်များအကြောင်းကို ဆင်ဟွာသတင်းဌာနနှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံဝေမျှ ပြောကြားခဲ့သည်။ တရုတ်နှင့်အမေရိကန်ရှိ ပြည်သူများအကြောင်း ပြန်လည်သုံးသပ်ပြောကြားရာတွင် ၎င်းက နှစ်နိုင်ငံစလုံးမှပြည်သူများသည် ရင်းနှီးဖော်ရွေကြခြင်း ကြင်နာတတ်ခြင်း၊ နွေးထွေးဖော်ရွေခြင်းနှင့် အခြားသူများကိုကူညီရန်အမြဲတမ်းဆန္ဒရှိကြခြင်း စသည့် တူညီသော စိတ်ဓာတ်အရည်အသွေးများစွာ ပိုင်ဆိုင်ထားကြကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂၂ နှစ်က Chou သည် အမေရိကန်-တရုတ် ဆရာ၊ ဆရာမများ ဖလှယ်ရေးအစီအစဉ်မှတစ်ဆင့် လော့ယန်မြို့ အမှတ် (၂) နိုင်ငံခြားဘာသာကျောင်းသို့ တစ်နှစ်ကြာစာသင်ကြားရန် ရောက်ရှိလာခဲ့သည်။ တစ်နှစ်ပြည့်ပြီးနောက်တွင် ဆန္ဒအလျောက် ဆက်လက်နေထိုင်ရန်ဆုံးဖြတ်ခဲ့ပြီး ၎င်း၏ဘဝ ၁၂ နှစ်တာကာလကို တရုတ်နိုင်ငံတွင် စာသင်ကြားရင်း ဖြတ်သန်းခဲ့သည်။ (Xinhua)
…………….
(English Version)
Int'l Exchange | American teacher's 12 years in China inspire enduring friendship
BEIJING, Sept. 27 (Xinhua) -- Ahead of the Mid-Autumn Festival, 73-year-old American teacher Gail Chou spoke with Xinhua via video link about the years she spent living and teaching in China. Reflecting on people in China and the United States, she said they share many similarities -- they are both friendly, kind, warmhearted, and always willing to help others.
Twenty-two years ago, Chou came to Luoyang No. 2 Foreign Language School through the U.S.-China Teacher Exchange Program to teach for one year. When that year ended, she volunteered to stay, spending twelve years of her life teaching in China.








