ဖိလစ်ပိုင်နိုင်ငံ Pasig မြို့တွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာဖူဆယ်အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် ဘရာဇီးကစားသမားများ၏ အောင်ပွဲခံနေမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ Pasig မြို့တွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာဖူဆယ်အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် ဘရာဇီးကစားသမားများ၏ အောင်ပွဲခံနေမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက် ထုတ်ပြန်သည့် ဖီဖာဖူဆယ် အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံး ၁၀ သင်းနေရာ အပြောင်းအလဲမရှိခဲ့သလို ဘရာဇီးအသင်းကလည်း နှစ်မျိုးစလုံးတွင် ထိပ်ဆုံးနေရာမှ ဆက်လက်ဦးဆောင်နေကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသမီးအဆင့်သတ်မှတ်ချက်တွင် စပိန်နှင့် ပေါ်တူဂီအသင်းတို့က ဘရာဇီးအသင်း၏နောက် ဒုတိယနှင့် တတိယနေရာများတွင် အသီးသီး ဆက်လက်ရပ်တည်နေကြပြီး ခရိုအေးရှားအသင်းကမူ အဆင့် ၃၂ နေရာသို့ သုံးနေရာ ခုန်တက်လာခဲ့သည်။

အမျိုးသားအဆင့်သတ်မှတ်ချက်တွင် ပေါ်တူဂီနှင့် စပိန်အသင်းတို့က ဘရာဇီးအသင်း၏ နောက်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သော်လည်း ပေါ်တူဂီအသင်းက အဆင့် ၃ နေရာမှ အဆင့်၂၊ စပိန်အသင်းက အဆင့် ၂ နေရာမှ အဆင့် ၃ နေရာသို့ ရောက်ရှိသွားကာ အဆင့်အပြောင်းအလဲ ဖြစ်သွားခဲ့သည်။ ဇမ်ဘီယာအသင်းကမူ အကြီးမားဆုံး အဆင့်အပြောင်းအလဲ ပြုလုပ်နိုင်ခဲ့သည့်အသင်းအဖြစ် အဆင့် ၄ နေရာခုန်တက်ကာကမ္ဘာ့အဆင့် ၈၂ နေရာသို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ အဆင့်သတ်မှတ်ချက်နှစ်ခုစလုံးအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အသစ်ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဖီဖာက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

........................

(English version)

Brazil retains top spots in FIFA futsal men's and women's world rankings

GENEVA, Sept. 25 (Xinhua)

Brazil continues to lead both FIFA futsal men's and women's world rankings as the September 2026 edition sees no changes to either top ten, the world football governing body announced on Friday.

In the women's ranking, Spain and Portugal still follow Brazil in second and third, respectively, while Croatia moved three places up to 32nd.

In the men's ranking, Portugal and Spain also follow but switch positions to 2nd and 3rd, while Zambia made the biggest climb by position, rising four places to 82nd.

The next update for both rankings will take place on December 2026, FIFA announced.

Photo caption: Gold medalists team members of Brazil celebrate during the award ceremony at the FIFA Futsal Women's World Cup 2025 in Pasig City, the Philippines, Dec. 7, 2025. (Xinhua/Rouelle Umali)