
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်တစ်ခုကို ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်ထံ ပေးပို့ထားပြီး အမေရိကန်ဘက်က ယင်းအစီအစဉ်အတိုင်း လိုအပ်သည့် လှုပ်ရှားမှုများ ပြုလုပ်ပါက ၇ ရက်အတွင်း ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်၍ ပုံမှန် ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အာရက်ဂ်ချီက ယင်းသတင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ အမေရိကန်က အဆိုပါ အစီအစဉ်ကို လက်ခံသည့်နေ့မှစ၍ အချိန် စတင်ရေတွက်မည်ဖြစ်ကြောင်း၊ အစီအစဉ်တွင် တောင်းဆိုထားသည့် အမေရိကန်ဘက်မှ လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန် ၄ ရက်မှ ၅ ရက်ခန့် ကြာမြင့်မည်ဖြစ်ရာ အမေရိကန်က အစီအစဉ်ကို လက်ခံသည့် ၆ ရက်မြောက်နေ့မှစ၍ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ သတ္တမမြောက်နေ့တွင် အီရန်နှင့် အမေရိကန်တို့သည် နောက်ဆုံးသဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစီအစဉ်၌ တောင်းဆိုထားသော အမေရိကန်ဘက်မှ လှုပ်ရှားမှုများသည် စည်းကမ်းချက်အသစ်များ မဟုတ်ဘဲ ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည့် အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာတွင် အမေရိကန်က ကတိပြုထားပြီးသား အကြောင်းအရာများသာ ဖြစ်ကြောင်း အာရက်ဂ်ချီက ဆိုသည်။ အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ရန် အမှန်တကယ် လိုလားပါက ယင်းအစီအစဉ်ကို လက်ခံရုံဖြင့် ၇ ရက်အတွင်း ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ အမေရိကန်ဘက်က ရွေးချယ်ဆုံးဖြတ်ချက်ချရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အီရန်သည် အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ခြိမ်းခြောက်အနိုင်ကျင့်ခြင်းတို့ကို လက်ခံမည်မဟုတ်ဘဲ ဖိအားများအောက်တွင် မိမိ၏ အချုပ်အခြာအာဏာကို စွန့်လွှတ်ရမည့်အခြေအနေအား လက်ခံမည်မဟုတ်ကြောင်းလည်း အာရက်ဂ်ချီက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု စတင်ခဲ့ရာ အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဘက်ဆိုင်ရာ စခန်းများ အပါအဝင် ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ သက်ဆိုင်ရာအဖွဲ့အစည်းများသည် ပေကျင်းစံတော်ချိန် ဧပြီ ၈ ရက်တွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။
ပေကျင်းစံတော်ချိန် ဇွန် ၁၈ ရက်တွင် အမေရိကန်နှင့် အီရန်တို့သည် နားလည်မှုစာချွန်လွှာကို အဝေးရောက် စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အမေရိကန်နှင့် အီရန်အကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်းမရှိဘဲ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေးမှာလည်း ဆက်လက် ပိတ်ဆို့ခံထားရဆဲဖြစ်သည်။ (Xinhua)
------------------
(Chinese Version)
伊朗向美方提出七日内重开霍尔木兹海峡计划
新华社联合国9月25日电(记者尚绪谦)伊朗外长阿拉格齐25日称,伊朗已通过卡塔尔向美国转达一个重新开放霍尔木兹海峡的计划,如果美方据此采取必要行动,霍尔木兹海峡可以在七日内重新开放,恢复正常海运。
阿拉格齐在纽约联合国总部举行的记者会上宣布这一消息。他说,自美国接受计划之日起开始计时。计划所要求的美方行动大概需要四到五日落实,因此从美国接受计划的第六日开始,霍尔木兹海峡就可以重新开放。第七日,伊美可以就最终协议开启谈判。
阿拉格齐说,计划要求的美方行动不是新条件,而是6月签署的美伊谅解备忘录中美方已经承诺的内容。如果美方真正希望重开霍尔木兹海峡,只需接受这一计划,霍尔木兹海峡七日内就可以重新开放。现在是美国做出选择的时候了。
阿拉格齐还表示,伊朗不接受胁迫、威胁、恐吓,更不会在压力下交出自己的主权。
美国和以色列2月28日对伊朗发起军事行动,伊朗对美以在中东地区的军事基地等目标发起还击。相关方于北京时间4月8日达成临时停火。北京时间6月18日,美国和伊朗宣布远程签署谅解备忘录。但之后,美伊之间的军事互袭并未停止,霍尔木兹海峡通航依然受阻。
图说 :9月25日,伊朗外长阿拉格齐在纽约联合国总部举行的记者会上讲话。新华社记者 吴晓凌 摄



836c2dd84a851032ab0bf805a1b369906ac1ac38.article_card.avif)




