
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် မြန်မာ့မော်တော်ယာဉ်နှင့် အပိုပစ္စည်းပြပွဲ (Myanmar Auto and Parts Expo 2026) ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC ခန်းမ) တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၇ နိုင်ငံမှ လျှပ်စစ်မော်တော်ယာဉ်များ၊ ဓာတ်ဆီ၊ ဒီဇယ်မော်တော်ယာဉ်များ၊ EV Charging များ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ စက်ဆီချောဆီများ၊ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို ပြသရောင်းချလျက်ရှိကြောင်း သိရသည်။ (Xinhua)







