
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မြန်မာနိုင်ငံ နေပြည်တော်တွင် လာမည့် အောက်တိုဘာလအတွင်း ကျင်းပမည်ဟု စက်တင်ဘာ ၂၄ ရက်ထုတ် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
၁၀ ရက်တိုင်တိုင် ကျင်းပမည့် အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည်ဟု သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံ၌ ထွက်ရှိသည့် အရည်အသွေးမြင့် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ခင်းကျင်းပြသကာ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းအရ သိရသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိထားသော ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် လုပ်ငန်းလိုင်စင်ရရှိထားသော နိုင်ငံသား ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အဆိုပါ အခမ်းအနားသို့ တက်ရောက်ကာ ကျောက်မျက်ရတနာများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
..................................
(English Version)
Myanmar to hold 61st gems emporium in Nay Pyi Taw next month
YANGON, Sept. 24 (Xinhua) -- Myanmar will hold its 61st Gems Emporium in the capital Nay Pyi Taw next month, the state-owned daily the Global New Light of Myanmar reported on Thursday.
The 10-day event will be held in Nay Pyi Taw from Oct. 8 to 17, the report said.
The emporium will display and sell high-quality pearls, gems and jade lots produced in Myanmar, according to the report.
Myanmar citizens engaged in the gem business and holding permits under the Myanmar Gemstone Law, as well as licensed citizen gem-trading businesses, will be permitted to attend the event and purchase gems in accordance with the prescribed conditions, it said. Enditem
Photo caption: A jewelry shop is seen during the 57th Myanmar Gems Emporium at Mani Yadana Jade Hall in Nay Pyi Taw, Myanmar, April 26, 2022. (Xinhua/Zhang Dongqiang)







