
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် စိတ်ကြွဆေးပြား ၆.၂ သန်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) ၏ စက်တင်ဘာ ၂၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း CCDAC က ပြောသည်။
အဆိုပါသံသယရှိသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
..................................
(English Version)
6.2 mln stimulant tablets seized in central Myanmar
YANGON, Sept. 23 (Xinhua) -- Myanmar police have seized 6.2 million stimulant tablets in central Myanmar's Mandalay region, according to the Central Committee for Drug Abuse Control (CCDAC) on Wednesday.
Acting on a tip-off, anti-narcotics police searched a vehicle in Pyin Oo Lwin township of Mandalay region on Sept. 18 and confiscated the drugs along with a suspect, the CCDAC said.
The suspect has been charged under the country's law, and further investigation is ongoing, it said. Enditem







