နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ သားငယ်ဖြစ်သူတို့ ယနေ့ (အောက်တိုဘာ ၂၂ ရက်) တွင် တယ်လီဖုန်း ပြောဆိုခွင့်ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်၊ ၁၄ နာရီ ၃၀ မိနစ် အချိန်မှ ၁၄ နာရီ ၅၀ မိနစ် အချိန်ထိ ၎င်း၏ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် တယ်လီဖုန်းဖြင့် အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)