ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်ပြည်နယ်၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က Techo အပြည်ပြည်ဆိုင်ရာလေဆိပ် တရားဝင်ဖွင့်လှစ်ပွဲတွင် မိန့်ခွန်းပြောကြားသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်ပြည်နယ်၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က Techo အပြည်ပြည်ဆိုင်ရာလေဆိပ် တရားဝင်ဖွင့်လှစ်ပွဲတွင် မိန့်ခွန်းပြောကြားသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးလိမ်လည်မှုသည် နိုင်ငံဖြတ်ကျော် ဒေသဆိုင်ရာ ကိစ္စတစ်ရပ်ဖြစ်ပြီး ကမ္ဘောဒီးယားတစ်နိုင်ငံတည်းဖြင့် ယင်းနိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုကို အမြစ်ပြတ်ချေမှုန်းနိုင်မည်မဟုတ်ကြောင်း၊ စဉ်ဆက်မပြတ်ဖြစ်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် ဤစိန်ခေါ်မှုကို အနိုင်ယူရန် အလွန်အရေးကြီးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က စက်တင်ဘာ ၂၃ ရက်တွင် မြို့တော်ဖနွမ်းပင်၌ ပြောကြားသည်။

ဟွန်မန်နက်က ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါညီလာခံသည် နိုင်ငံအသီးသီး၏ ဥပဒေစိုးမိုးရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများကို မျှဝေပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ ဤနေ့စဉ်နှင့်အမျှ ပြင်းထန်လာသည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဟွန်မန်နက်က အဓိကမိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အပြန်အလှန် အပြစ်တင်ခြင်း၊ ဤကိစ္စရပ်ကို နိုင်ငံရေးအသွင်ပြောင်းခြင်းနှင့် တစ်ဖက်သတ် အတင်းအကျပ် အစီအမံများ ချမှတ်ခြင်းတို့ကို ပြတ်သားစွာ ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြုအမူများသည် နိုင်ငံအချုပ်အခြာအာဏာကို ထိခိုက်စေပြီး ရှုပ်ထွေးသော ရာဇဝတ်ကွန်ရက်များကို ဖြိုခွင်းရန် လိုအပ်သော စုပေါင်းစည်းလုံးမှုကို ပျက်စီးစေမည်ဖြစ်ကြောင်း ပြောကြားသည်။

နှစ်ရက်ကြာ ညီလာခံအတွင်း ကိုယ်စားလှယ်များသည် ဆွေးနွေးပွဲများစွာတွင် ပါဝင်မည်ဖြစ်ပြီး အကြောင်းအရာများတွင် ဆက်သွယ်ရေးလိမ်လည်မှုကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ရှုမြင်ရေး၊ ဆက်သွယ်ရေးလိမ်လည်မှုကိုပစ်မှတ်ထားသည့် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ၊ နည်းပညာနည်းလမ်းများ၊ ကြိုတင်ကာကွယ်ရေး ယန္တရားများနှင့် နိုင်ငံအသီးသီး၏ လိမ်လည်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများ ပါဝင်သည်။

အဆိုပါညီလာခံကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (INTERPOL)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုရုံး (UNODC) ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၊ လန်ချန်း-မဲခေါင် ဘက်စုံ ဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနတို့က ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်သည်။ “လက်တွဲဆောင်ရွက်ကာ ကွင်းဆက် ဖြတ်တောက်ပြီး ဆက်သွယ်ရေးလိမ်လည်မှုကို အမြစ်ပြတ်ချေမှုန်းမည်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသော အဆိုပါညီလာခံကို နိုင်ငံပေါင်း ၂၀ ကျော်မှ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပြင် ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများနှင့် သုတေသနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ (Xinhua)

……………………

(Chinese Version)

柬埔寨首相:国际合作对于打击电信诈骗至关重要

新华社金边9月23日电(记者吴长伟)柬埔寨首相洪玛奈23日在首都金边表示,电信诈骗是一个跨国区域性问题,柬埔寨无法独自根除这种跨国犯罪,持续的国际合作对于战胜这一挑战至关重要。  

洪玛奈在金边举行的打击电信诈骗国际会议上作出上述表示。会议旨在分享各国执法实践并加强国际合作,以应对这一日益严重的威胁。  

洪玛奈在发表主旨演讲时说,国际社会必须坚决反对相互指责、将这一问题政治化以及单方面采取强制措施。这些行为将损害国家主权,破坏瓦解复杂犯罪网络所需的集体团结。  

在为期两天的会议期间,代表们将参加多场专题讨论,议题涵盖将电信诈骗视为全球紧急事态,以及针对电信诈骗的区域及全球应对措施、技术手段、预防机制和各国打击诈骗的努力。  

会议由国际刑警组织、联合国毒品和犯罪问题办公室东南亚及太平洋区域办事处以及澜沧江-湄公河综合执法安全合作中心共同主办,以“携手行动,斩断链条,根除电信诈骗”为主题,来自20多个国家政府和国际组织以及金融机构、科技公司、研究机构的代表参加。(完)

图说1:2025年10月20日,在柬埔寨干丹省,柬埔寨首相洪玛奈在德崇国际机场正式启用仪式上讲话。新华社发(尼多拉摄)