စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Jetour သည် တန်ဇန်းနီးယားနိုင်ငံ အရူရှာမြို့တွင် စက်တင်ဘာ ၁၇ ရက်ကပြုလုပ်ခဲ့သော ရေရှည်တည်တံ့သည့် ပရဟိတအစီအစဉ်တစ်ခုမှတစ်ဆင့် တန်ဇန်းနီးယား မသန်စွမ်း လက်မှုပညာရှင်များအား ကူညီပံ့ပိုးပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ "Jetour Africa Expedition 2026" အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခဲ့သည့် အဆိုပါ ပရဟိတလုပ်ငန်းစဉ်တွင် တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်း အရူရှာမြို့ရှိ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုဖြစ်သည့် Shanga ထံမှ လက်မှုအနုပညာပစ္စည်းများစွာကို ဝယ်ယူအားပေးခဲ့ခြင်းဖြစ်သည်။ Shanga သည် မသန်စွမ်းသူများအား လက်မှုပစ္စည်းများထုတ်လုပ်ခြင်းမှတစ်ဆင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်း များကိုဖန်တီးပေးနေသည့်အဖွဲ့အစည်းလည်း ဖြစ်သည်။ (Xinhua)
.......................................
(English version)
Chinese automaker Jetour supports Tanzanian artisans with disabilities via sustainable initiative
Chinese automaker Jetour has extended its support to Tanzanian artisans with disabilities through a sustainable charity initiative organized in Arusha, Tanzania on Thursday.The initiative, organized under the Jetour Africa Expedition 2026, purchased many handicrafts from Shanga, a social enterprise in the northern Tanzanian city of Arusha. Shanga creates employment and skills-development opportunities for people with disabilities through handicraft production.








