အီကွေဒေါနိုင်ငံ မြို့တော် ကွီတို၏ မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီကွေဒေါနိုင်ငံ မြို့တော် ကွီတို၏ မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အီကွေဒေါနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအဆင့်များအနက် တစ်ခုသို့ ရောက်ရှိခဲ့ကြောင်း သမ္မတ Daniel Noboa က စက်တင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။

ဒုတိယနှစ်ဝက်၌ အထူးသဖြင့် ရေနံနှင့် သတ္တုတွင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း Noboa က Machala မြို့တွင် Radio Fiesta အသံလွှင့်ဌာနနှင့် ပြုလုပ်သော အင်တာဗျူး၌ ပြောကြားခဲ့သည်။ ထို့ပြင် ကုမ္ပဏီများအနေဖြင့် အစားအစာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများတွင်လည်း စိတ်ဝင်စားမှုပြသလျက်ရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံရှိ အခွင့်အလမ်းများနှင့် အစိုးရ၏ တည်ငြိမ်မှုဟု ၎င်းခေါ်ဝေါ်သည့် အရာများကြောင့် ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု Noboa က ဆိုသည်။

နိုင်ငံတကာ ရေနံဈေးကွက်များတွင် အတက်အကျများရှိနေသည့်တိုင် လွန်ခဲ့သော နှစ်နှစ်က စတင်မိတ်ဆက်ခဲ့သည့် ဈေးနှုန်းသတ်မှတ်ချက်ဘောင်က လောင်စာဆီဈေးနှုန်းများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော အဆင့်တွင် ထိန်းထားနိုင်ရန် အထောက်အကူပြုခဲ့ကြောင်း ပြောကြားလျက် Noboa က နိုင်ငံ၏ လောင်စာဆီဈေးနှုန်းသတ်မှတ်မှုစနစ်ကိုလည်း ခုခံကာကွယ်ပြောကြားခဲ့သည်။ သို့သော် လောင်စာဆီ တရားမဝင်တင်သွင်းရောင်းချမှုမှာ စိုးရိမ်စရာကိစ္စရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပြီး နယ်စပ်ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အိမ်ထောင်စုများ၏ သုံးစွဲမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်များအား အဓိကတွန်းအားပေးမှုများအဖြစ် ကိုးကားလျက် အီကွေဒေါနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ ၂၀၂၆ ခုနှစ် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၂.၅ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်းသို့ ယခုသီတင်းပတ်အတွင်း တိုးမြှင့်သတ်မှတ်ခဲ့သည်။

ထို့ပြင်  အယ်လ်နီညို အလယ်အလတ်အဆင့်ဖြစ်စဉ်က ၂၀၂၇ ခုနှစ်၏ စီးပွားရေးတိုးတက်မှုကို ရာခိုင်နှုန်းအမှတ် ၀.၅ လျော့ကျစေနိုင်ပြီး ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်ကမူ ရာခိုင်နှုန်းအမှတ် ၁.၄ အထိပင် လျော့ကျစေနိုင်သည်ဟုလည်း ၎င်းဘဏ်က ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

..............................

(English Version)

Ecuador sees strong foreign investment in first half of 2026: president

QUITO, Sept. 18 (Xinhua) -- Foreign investment in Ecuador reached one of its highest levels in a decade in the first half of 2026, President Daniel Noboa said Friday.

Noboa said in an interview with Radio Fiesta in Machala that he expected investment to increase further in the second half, particularly in the oil and mining sectors. He added that companies are also showing interest in food, logistics, port operations and power generation.

Noboa attributed the investment interest to what he called opportunities and government stability in Ecuador.

He also defended the country's fuel-pricing system, saying a pricing band introduced two years ago had helped keep fuel prices competitive despite fluctuations in international oil markets. He warned that fuel smuggling remained a concern and called for stronger border controls.

The Central Bank of Ecuador this week raised its 2026 economic growth forecast to 2.7 percent from 2.5 percent, citing household consumption, investment and exports as the main drivers.

The bank also estimated that a moderate El Nino could reduce 2027 growth by 0.5 percentage points, while a strong event could cut it by 1.4 percentage points. ■

Photo caption: This photo taken on Aug. 13, 2026 shows a view of Quito, Ecuador. (Photo by Ricardo Landeta/Xinhua)