ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) အစီအစဉ်ဖြင့် ဆောင်ရွက်သော လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအစီအစဉ်ကို ပုဂံမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာအရ သိရသည်။
အဆိုပါ အစီအစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ အစီအစဉ်ဖွင့်ပွဲအခမ်းအနား၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ၂၀၁၆ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ကို စတင်ထူထောင်ခဲ့ချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများက စီးပွားရေး၊ လူမှုရေးအပါအဝင် ကဏ္ဍစုံနှင့် ယဉ်ကျေးမှုဆိုင်ရာ အတူတကွပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
ယခု အစီအစဉ်သည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော ရိုးရာပန်းချီကားများကို မိမိတို့လူမျိုးတို့၏ ရိုးရာအတိုင်းရေးဆွဲရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင်နိုင်စေရေးတို့အတွက် မဲခေါင်ဒေသတွင်းခြောက်နိုင်ငံမှ လူငယ်များအားဖိတ်ခေါ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် ယင်းအစီအစဉ်သည် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သော ပုဂံမြို့သည် လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများနှင့် ကာလရှည်ကြာလှသော ရင်းနှီးစွာဆက်ဆံမှုကို ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုအစီအစဉ်ကို ပုဂံမြို့တွင် ပြုလုပ်ရခြင်းသည် အနှစ်သာရ ပိုမိုပြည့်ဝကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒေသတွင်းနိုင်ငံများမှ ပန်းချီပညာရှင်များသည် လက်တွေ့ကွင်းဆင်း ပန်းချီများဖန်တီးခြင်း၊ ရိုးရာပန်းချီ အနုပညာဆိုင်ရာ စာတမ်းဖတ်ကြားခြင်း၊ ပန်းချီအနုပညာပြပွဲ ခင်းကျင်းပြသခြင်း၊ ယဉ်ကျေးမှုလေ့လာရေး ခရီးစဉ်သွားရောက်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
…………………….
(English Version)
Lancang-Mekong Cultural Activity kicks off in Myanmar’s ancient city of Bagan
YANGON, Feb. 25 (Xinhua) — The 2024 Lancang-Mekong Cultural Activity, funded by the Lancang-Mekong Cooperation Special Fund (2024), officially commenced on Monday in Bagan, Myanmar, the state-run daily Myanma Alinn reported on Tuesday.
The program, which will run until Feb. 28, is organized by the National University of Culture and Arts (Yangon) under Myanmar’s Ministry of Religious Affairs and Culture, the report said.
Speaking at the opening ceremony, Myanmar’s Deputy Minister for Religious Affairs and Culture Daw Nu Mra Zan said that since the establishment of the Lancang-Mekong Cooperation (LMC) in 2016, its member countries have implemented various cooperation programs across multiple sectors, including the economy, society, and culture.
She added that this program has invited young people from the six Lancang-Mekong countries to create, preserve, and promote their traditional paintings, which are their cultural heritage, in accordance with their respective traditions, it said.
The program aims to preserve the Lancang-Mekong cultural heritage. Bagan, an ancient cultural capital in the region, has maintained close relations with the Lancang-Mekong countries for a long time. Therefore, holding this program in Bagan is particularly meaningful, she said.
As part of the program, artists from the regional countries will engage in outdoor hands-on painting sessions, paper reading sessions on traditional painting techniques, an art exhibition, and cultural study tours, the report said. Enditem
မြန်မာနိုင်ငံ ရှေးဟောင်းပုဂံမြို့တွင် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအစီအစဉ် စတင်ဖွင့်လှစ်
MORE NEWS

အမေရိကန်က အီရန်အား တတိယအကြိမ် တိုက်ခိုက်မှုများ ပြီးမြောက်
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ဝါရှင်တန်/တီဟီရန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ပစ်မှတ်ပေါင်း ၁၄၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း အီရန်အား တတိယအကြိမ် တိုက်ခိုက်မှုများ ပြီးမြောက်ခဲ့ကြောင်း ဇူလိုင် ၁၂ ရက်၌ ပြောကြားခဲ့သည်။အဆိုပါ ပစ်မှတ်များအနက် ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်ရာနေရာများ၊ လက်နက်ခဲယမ်း သိုလှော
Read Full Story

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်က စက်မှုလုပ်ငန်းစနစ် ခေတ်မီအသွင်ပြောင်းခြင်းကို အလေးထားပြောဆို
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က CPC မဟုတ်သော နိုင်ငံရေးပါတီများ၏ ဗဟိုကော်မတီများ၊ တရုတ်ပြည်လုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်းချုပ်တို့၏ သုတေသနပြု လေ့လာတွေ့ရှိချက်များကို အဓိကထားလျက် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် စက်မှုလုပ်ငန်းစနစ် ခေတ်မီအသွင်ပြောင်းခြင်းဆိုင်ရာ အကြံပြုဆွေးနွေးပွဲတွင် အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တ
Read Full Story

အယ်လ်ဗာရက်ဇ်နှင့် မာတီနက်ဇ်တို့က အနိုင်ဂိုးများသွင်းယူကာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေး
Read Full Story

ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် စမတ်ကျပြီး လမ်းကြောင်းပြောင်းလဲနိုင်သော ယာဉ်ကြောစနစ်ကို စတင်မိတ်ဆက်
ထိုက်ယွမ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)ယာဉ်ကြောပိတ်ဆို့မှု အများဆုံးအချိန်ကို ကျော်ဖြတ်ရန်အတွက် ပိုမိုစမတ်ကျသော ဖြေရှင်းမှုနည်းလမ်းတစ်ခုပင်ဖြစ်သည်။တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ၎င်း၏ ပထမဆုံး စမတ်ကျပြီး လမ်းကြောင်းပြောင်းလဲနိုင်သော ယာဉ်ကြောစနစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ခလုတ်တစ်ချက်နှိပ်ရုံနှင့် ၄၅ မီတာရှည်သည့် ရွေ့လျားနိုင်သော အတားအဆီးတံတိုင်းသည် ၃၃ စက္ကန့်အတွင်း၌ပင် နေရာတကျရွှေ့ပြောင်းသွားပြီး ဘယ်၊ညာ ကွေ့မည့်ကားများနှင့် ဂငယ်ကွေ့ ပြန်ကွေ့မည့်ကားများအတွက် ပိုမ
Read Full Story

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဝူးဆန်းခရိုင်တွင် နည်းပညာအသုံးပြုသော ထောက်ပံ့ပို့ဆောင်ရေးက ဆီးသီးများပို့ဆောင်မှုကို အဆင့်မြှင့်တင်ပေး
ဝူးဆန်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ဝူးဆန်းခရိုင်တွင် ဒရုန်းများနှင့် မောင်းသူမဲ့ဗင်ကားများ အသုံးပြုကာ တောင်ပေါ်သစ်သီးခြံများမှ ဆီးသီးများကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ (Xinhua)................................................................(English Version)Tech-driven logistics boosts plum delivery in SW China countyIn Wushan County, southwest China's Chongqing, drones and driverless vans are used to transport plums from mountain orchards.#LowAltitude
Read Full Story

၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်
Read Full Story

ဘယ်လင်ဟမ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ အင်္ဂလန်က နော်ဝေကို အနိုင်ယူကာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်
Read Full Story

၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲ ထိုင်းနိုင်ငံ၌ ကျင်းပ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲတွင် အမှာစကားပြောကြားနေသည့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ဘန်ကောက်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲနှင့် “ဈေးကွက်ကြီးအား အတူမျှဝေ၍ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း” ထိုင်းနိုင်ငံ အထူးအခမ်းအနားကို ဇူလိုင် ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်
Read Full Story
‹
1
2
...
291
›
