
တီဟီရန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် အမေရိကန်နှင့် အီရန် ဆွေးနွေးညှိနှိုင်းမှု ကြားဝင်စေ့စပ်သူ၏ အကြံပြုချက်ကို လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ အသေးစိတ်ကို လက်ရှိတွင် ထုတ်ဖော်ပြောကြား၍မရကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အစ္စမေး ဘဂါအီက ဇူလိုင် ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အီရန် ပြည်ထဲရေးဝန်ကြီးသည် ထိုနေ့တွင် ပါကစ္စတန်နိုင်ငံသို့ ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာအရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းသွားမည်ဟုလည်း ၎င်းက တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။
ဆွေးနွေးညှိနှိုင်းမှုနှင့် စစ်ပွဲ နှစ်ခုစလုံးသည် ရည်မှန်းချက်ကို ဖော်ဆောင်သည့် နည်းလမ်းများပင်ဖြစ်ကြောင်း၊ “ခုခံကာကွယ်ရေးနှင့် သံတမန်ဆက်ဆံရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်၍မရ” ဟူသည်မှာ မမှန်ကန်ကြောင်း၊ အီရန်အနေဖြင့် မည်သည့်အခါကမျှ အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာကို စတင်ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း၊ အမေရိကန်က ကတိကဝတ်ကို ချိုးဖောက်ခြင်းကြောင့် အီရန်က တန်ပြန်အစီအမံ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ အီရန်လက်နက်ကိုင်အင်အားသည် အမေရိကန်အား တန်ပြန်တိုက်ခိုက်နေပြီး “၎င်း၏ပြစ်မှုကို အစွမ်းကုန်ကြိုးပမ်းတားဆီး” လျက်ရှိကြောင်း အစ္စမေး ဘဂါအီက ပြောကြားခဲ့သည်။
အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာ မရှိသည့်တိုင် ဟော်မုဇ်ရေလက်ကြား ကမ်းရိုးတန်း နိုင်ငံအနေဖြင့် အီရန်သည်လည်း အဆိုပါရေလက်ကြားအပေါ် ထိန်းချုပ်ခွင့်ရှိကြောင်း၊ အီရန်အနေဖြင့် အိုမန်နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားပြီး လိုအပ်သည့်အစီအမံများ လုပ်ဆောင်ကာ ဟော်မုဇ်ရေလက်ကြားတွင် မည်သည့်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်ပွားခြင်းကိုမဆို ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
伊朗外交部:已收到美伊谈判调解方建议
新华社德黑兰7月20日电 伊朗外交部发言人巴加埃20日在新闻发布会上说,伊朗已收到美国和伊朗谈判调解方提出的建议,具体细节暂不便透露。他同时表示,伊朗内政部长当天将访问巴基斯坦,就两国相关事务进行磋商。
巴加埃说,谈判与战争都是实现目标的手段,“防御与外交无法并行”是不正确的。伊朗从未主动违反伊美谅解备忘录,美国违反承诺导致伊朗采取反制措施,伊朗武装力量正在反击美国,“竭尽全力制止其罪行”。
他还表示,即便没有伊美谅解备忘录,作为霍尔木兹海峡沿岸国家,伊朗也拥有对该海峡的控制权。伊朗决心与阿曼合作,采取必要措施,防止霍尔木兹海峡出现任何安全威胁。(完)
图说:7月13日,在伊朗首都德黑兰,伊朗外交部发言人巴加埃出席每周例行新闻发布会。新华社记者 沙达提 摄







