
ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်သည် ဇူလိုင် ၁၉ ရက်တွင် အီရန်အပေါ် အသစ်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်လုပ်ခဲ့ပြီး ယင်းမှာ ၎င်း၏ ကိုးညမြောက် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ထိုနေ့တွင် လူမှုမီဒီယာ၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အသစ်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုကို အမေရိကန်အရှေ့ပိုင်းဒေသစံတော်ချိန် ဇူလိုင် ၁၉ ရက် ည ၇ နာရီ (ပေကျင်းစံတော်ချိန် ဇူလိုင် ၂၀ ရက် နံနက် ၇ နာရီ) တွင် စတင်ခဲ့ပြီး “ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသော ကုန်တင်သင်္ဘောများနှင့် အရပ်သားသင်္ဘောသားများအား တိုက်ခိုက်နေသော အီရန်၏ စစ်ရေးအင်အားကို စဉ်ဆက်မပြတ် အားနည်းစေရန်” ရည်ရွယ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုနေ့ အစောပိုင်းအချိန်တွင် CENTCOM က အမေရိကန် ရေတပ်သည် အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ အမေရိကန်စစ်တပ်သည် ကုန်တင်သင်္ဘော ၆ စင်း၏ လမ်းကြောင်းကို ပြောင်းလဲစေခဲ့ပြီး ကုန်တင်သင်္ဘော တစ်စင်းကိုမူ ခရီးမဆက်နိုင်အောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
....................................
(Chinese Version)
美军连续第九晚空袭伊朗
新华社华盛顿7月19日电(记者徐剑梅)美军中央司令部19日在社交媒体上发表声明说,美军当天对伊朗发动新一轮空袭,这是其连续第九晚对伊朗发起军事行动。
声明说,新一轮空袭从美东时间19日19时(北京时间20日7时)开始,旨在“持续削弱伊朗攻击途经霍尔木兹海峡商船及平民海员的军事能力”。
当天早些时候,美军中央司令部在社交媒体上说,美国海军持续对伊朗实施海上封锁。截至19日,美军已使6艘商船改变航向,使一艘商船丧失航行能力。(完)
图说:2026年4月7日,一名示威者在美国首都华盛顿的白宫前手举标语。新华社记者 李睿 摄







