
ဝါရှင်တန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်၏ ညွှန်ကြားချက်အရ အမေရိကန်စစ်တပ်သည် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၂၀ ရက် ညနေ ၄ နာရီ (ပေကျင်းစံတော်ချိန် ဇူလိုင် ၂၁ ရက် နံနက် ၄ နာရီ) တွင် အီရန်ကို အသစ်တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး “အီရန်က ဟော်မုဇ်ရေလက်ကြားရှိ စီးပွားရေး ကုန်တင်သင်္ဘောများအား တိုက်ခိုက်သည့် စစ်ရေးစွမ်းရည်ကို တစ်ဆင့်တိုး ချည့်နဲ့အောင်” ဆောင်ရွက်ခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဇူလိုင် ၂၀ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ယင်းသည် ဇူလိုင် ၁၁ ရက်မှစ၍ အမေရိကန်စစ်တပ်က အီရန်အား ၁၀ ရက် ဆက်တိုက် စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခြင်းဖြစ်သည်။
ဇူလိုင် ၇ ရက်မှစ၍ အီရန်သည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအပေါ် တိုက်ခိုက်မှု အကြိမ်များစွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် အမေရိကန်စစ်တပ်ဝန်ထမ်းပေါင်း ၁၀၀ နီးပါးသည် “မတူညီသော အတိုင်းအတာ အသီးသီးဖြင့် ထိခိုက်မှုခံခဲ့ရသည်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sean Parnell က အတည်ပြုခဲ့ကြောင်း အမေရိကန်မီဒီယာ CBS ၏ ဇူလိုင် ၂၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ထိုနေ့အစောပိုင်းတွင် ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်စစ်တပ်က လတ်တလောရက်ပိုင်းအတွင်း လူထိခိုက်သေဆုံးမှု ဖြစ်ပွားပြီးနောက် အီရန်အပေါ် တင်းမာသည့် လက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်သွားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။ “အီရန်က အမေရိကန်စစ်သည်တစ်ဦးကို သတ်ဖြတ်လိုက်တိုင်းမှာ အဲဒီအတွက် ဆတိုးပေးဆပ်ရပါလိမ့်မယ်” ဟု ထရမ့်က ခြိမ်းခြောက်ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ် ဝန်ထမ်း ၂ ဦးသည် ဇူလိုင် ၁၇ ရက်တွင် ဂျော်ဒန်နိုင်ငံ နယ်နိမိတ်အတွင်း၌ အီရန်၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး အခြားသူ ၁ ဦး ပျောက်ဆုံးခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဇူလိုင် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။ အမေရိကန်စစ်တပ် ဝန်ထမ်း ၁ ဦးမှာ ဇူလိုင် ၁၈ ရက်တွင် အီရတ်နိုင်ငံ မြောက်ပိုင်း၌ ပစ်ချခံရသော အီရန်၏ဒရုန်းတစ်စင်းအား ဖောက်ခွဲစဉ် သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ဇူလိုင် ၁၉ ရက်တွင် ထပ်မံကြေညာခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美军对伊朗发动新一轮打击
新华社华盛顿7月20日电(记者黄强 徐剑梅)美军中央司令部20日在社交媒体发布消息说,按照美国总统特朗普指示,美军于美国东部时间20日16时(北京时间21日4时)对伊朗发动新一轮打击,以“进一步削弱伊朗袭击霍尔木兹海峡商船的军事能力”。这是自11日以来美军对伊朗连续第10天发动军事打击。
据美国哥伦比亚广播公司20日报道,美国防部发言人肖恩·帕内尔证实,自7月7日以来,伊朗针对中东地区美军基地发动的多次袭击导致近百名美军人员“被认定受到不同程度的伤害”。
当天稍早时,特朗普在社交媒体发文,暗示美军在近日出现人员伤亡后将对伊朗发动强硬报复行动。特朗普威胁称,“伊朗每杀害一名美国士兵都将为此付出数倍的代价”。
美军中央司令部18日证实,两名美军人员17日在约旦境内遭伊朗弹道导弹和无人机攻击身亡,另有一人失踪。次日,美军又宣布一名美军人员18日在伊拉克北部引爆一架被击落的伊朗无人机时身亡。(完)
图说:6月15日,行人在伊朗首都德黑兰街头行走。新华社发







