
ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ ဂျပန် စသည့်နိုင်ငံများက “တောင်တရုတ်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်ချက်ထုတ်ပြန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်” ဆိုသည့် ပူးတွဲကြေညာချက်ကို ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံအများအပြားမှ နိုင်ငံရေးပုဂ္ဂိုလ်များနှင့် ပညာရှင်များက တောင်တရုတ်ပင်လယ်နယ်နိမိတ်၏ အချုပ်အခြာအာဏာ၊ ပင်လယ်သမုဒ္ဒရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို တရုတ်နိုင်ငံ ကာကွယ်ထိန်းသိမ်းခြင်းအား အခိုင်အမာ ထောက်ခံသည်ဟု ဆင်ဟွာသတင်းဌာန သတင်းထောက်၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။ “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာမှာ တရားမဝင်သလို အကျုံးဝင်မှုလည်း မရှိပေ။ နိုင်ငံအနည်းစုက “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာ ထုတ်ပြန်ခြင်း ၁၀ နှစ်ပြည့်အား အကြောင်းပြ၍ ရန်စ ပြဿနာရှာခြင်းသည် ဒေသတွင်း အခြေအနေကို ပို၍ မတည်မငြိမ်ဖြစ်စေမည်ဖြစ်သည်။
မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာမှာ နိုင်ငံအချို့က တောင်တရုတ်ပင်လယ်အရေးတွင် ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာခြင်းဖြစ်ကြောင်း၊ “တောင်တရုတ်ပင်လယ်ရဲ့ သက်ဆိုင်ရာအငြင်းပွားမှုတွေကို တိုက်ရိုက်ပါဝင်ပတ်သက်တဲ့နိုင်ငံတွေကပဲ စေ့စပ်ညှိနှိုင်းမှုကတစ်ဆင့် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ တရုတ်နိုင်ငံက အကြိမ်ကြိမ် အလေးထားပြောကြားခဲ့ပြီးပြီ၊ ဒီဖော်ပြချက်သဘောထားကတော့ ရှင်းလင်းပြတ်သားပါတယ်” ဟု ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးနှင့် မဟာဗျူဟာ လေ့လာရေးအင်စတီကျု အမှုဆောင်အရာရှိချုပ် Dwi Sasongko က လွန်ခဲ့သော ၁၀ နှစ်က “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာသည် အငြင်းပွားမှုကို လက်တွေ့တွင် မဖြေရှင်းနိုင်ခဲ့ဘဲ တင်းမာမှုအခြေအနေများကို စဉ်ဆက်မပြတ်ဖန်တီးနေခဲ့ပြီး ဒေသတွင်း သဘောတူညီမှုတည်ဆောက်ရန် ပိုမိုခက်ခဲစေခဲ့ကြောင်း၊ လက်ရှိတွင် ဒေသတွင်းအချို့၏ ပဋိပက္ခများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် မတည်ငြိမ်မှုများ စဉ်ဆက်မပြတ် ယူဆောင်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်မှာ အလွန်အရေးပါသည်မှာ သိသာထင်ရှားကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ “အာရှ ရာစုနှစ်” မဟာဗျူဟာ လေ့လာရေး အင်စတီကျု အကြီးအကဲ Herman Laurel က “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာသည် အမှန်စင်စစ်မှာ လိမ်လည်လှည့်ဖြားမှုတစ်ခုဖြစ်ပြီး အမေရိကန် ကျောထောက်နောက်ခံပေးထားသည့် ဖိလစ်ပိုင်ကိုယ်စားလှယ်များက စီစဉ်ဖန်တီးခဲ့သော ပရမ်းပတာဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်ကြောင်း၊ ဖိလစ်ပိုင်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးမည့်အစား ၎င်း၏ အိမ်ချင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုတို့အား အခြေခံသော ပင်လယ်ပြင်စည်းစနစ်ကို ကြိုးစားထူထောင်သင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Ukeru Magosaki က “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာအား လုပ်ဆောင်ခဲ့သော “အနုညာတခုံရုံး” မှာ ယာယီထူထောင်ထားခြင်းသာဖြစ်ပြီး “အနုညာတဖြင့် စီရင်ဆုံးဖြတ်ခြင်း” ဟု ဆိုသော အရာသည်လည်း နိုင်ငံတကာတရားစီရင်ရေးကို နိုင်ငံရေးအသွင် ပြောင်းလဲခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရဝမ်ဒါတက္ကသိုလ် နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးတန်းကထိက Ismael Aboui Buchanan က “အနုညာတခုံရုံး” ဟု ဆိုသော အရာသည် တရားစီရင် ပိုင်ခွင့်မရှိဘဲ “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာမှာ အကျုံးမဝင်ကြောင်း၊ အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန် စသည့်နိုင်ငံများ၏ အပြုအမူသည် နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားခြင်းဖြစ်ကာ နိုင်ငံတကာဥပဒေအပေါ် နိုင်ငံရေးကြိုးကိုင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ ဥပဒေအား နိုင်ငံအချို့က ပထဝီနိုင်ငံရေး ကိုယ်ကျိုးအမြတ်ထုတ်ရန်အတွက် ကိရိယာအဖြစ် လုံးဝမဖြစ်စေရဟု ၎င်းက ဆိုခဲ့သည်။
မာလီနိုင်ငံ ဆာဟယ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု၊ ကြားဝင်စေ့စပ်မှုနှင့် လုံခြုံရေးလေ့လာရေးဌာန အကြီးအကဲ Amadou Toure က ဖိလစ်ပိုင်ဘက်က အနုညာတဖြင့် စီရင်ဆုံးဖြတ်ခြင်းကို တစ်ဖက်သတ် အဆိုပြုခဲ့ပြီး “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာမှာ တရားမဝင်၊ အကျုံးမဝင်ကြောင်း၊ ယင်းကို နိုင်ငံအချို့က ကိုယ်ကျိုးစီးပွားရှာဖွေရန် အသုံးချကာ တောင်တရုတ်ပင်လယ်အရေးတွင် ပြင်ပအင်အားစု ဝင်ရောက်စွက်ဖက်ရန် ဆင်ခြေများ ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တန်ဇန်းနီးယားနိုင်ငံ “The Guardian” နိုင်ငံတကာဗားရှင်း အယ်ဒီတာ Benjamin Mgana က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများ တွန်းအားပေးလုပ်ဆောင်သော “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ ကြိုးပမ်းမှုများကို လေးစားသင့်ကြောင်း၊ “အာဖရိကနိုင်ငံများအပါအဝင် ကျယ်ပြန့်လှတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို ပိုပြီး အာရုံစိုက်ပါတယ်။ နိုင်ငံတကာ ရေကြောင်းလမ်းပို့ဆောင်ရေး စင်္ကြံအနေနဲ့ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ခြင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်း ဘုံအကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိပါတယ်” ဟူ၍ ပြောကြားခဲ့သည်။
ကို့ဒီဗွားနိုင်ငံ Abidjan Business School ပါမောက္ခ Sylvain Kacou Gueu က တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို အစဉ်အမြဲ အထူးအလေးထားကာ စေ့စပ်ညှိနှိုင်းမှု၊ ညှိနှိုင်းတိုင်ပင်မှုနှင့် ဆက်သွယ်ဆွေးနွေးမှုတို့အား အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် အရေးပါသော လမ်းကြောင်းအဖြစ် အစဉ်အမြဲ ထိန်းသိမ်းထားပြီး နိုင်ငံများအကြား ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ Al Riyadh Center for Political and Strategic Studies (RCPSS) သုတေသီ Abdulaziz Alshaabani က လွန်ခဲ့သော ဆယ်နှစ်ကာလတွင် “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသော အရာသည် အငြင်းပွားမှု ဖြေရှင်းခြင်းကို မြှင့်တင်ပေးခြင်း မပြုခဲ့ဘဲ ဒေသတွင်းပြင်ပရှိ နိုင်ငံအချို့က ဒေသတွင်းရေးရာများ၌ ဝင်ရောက်စွက်ဖက်ရန်နှင့် ဒေသတွင်းတင်းမာမှုများကို ပိုမိုဆိုးရွားစေရန် အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီနှစ်များတွင် တရုတ်နှင့် အာဆီယံတို့သည် “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ညှိနှိုင်းဆွေးနွေးမှုကို စဉ်ဆက်မပြတ် မြှင့်တင်ခဲ့ပြီး ကွဲလွဲမှု စီမံထိန်းချုပ်ရေး၊ တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး ကဏ္ဍတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ရာ ယင်းမှာ ဒေသတွင်းနိုင်ငံများ၌ အပြန်အလှန်ဆွေးနွေးမှုမှတစ်ဆင့် ကွဲလွဲမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည် လုံးဝရှိသည်ကို အပြည့်အဝ ဖော်ပြခဲ့ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အဓိကကျသော အကျိုးစီးပွားများကို လေးစားသင့်ကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ ကိစ္စရပ်များကို ကိုယ်တိုင် ဖြေရှင်းရန် ကြိုးပမ်းမှုကို လေးစားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျူးဘား နိုင်ငံတကာ နိုင်ငံရေး လေ့လာရေးစင်တာ (CIPI) ပညာရှင် Eduardo Regalado က နိုင်ငံအချို့သည် “စီရင်ဆုံးဖြတ်ချက်” ထုတ်ပြန်ခြင်း ၁၀ နှစ်ပြည့်အခါသမယတွင် တရုတ်နိုင်ငံအား အကျိုးယုတ်စေသော နိုင်ငံရေး၊ သံတမန်ရေးဆိုင်ရာ ပုံရိပ်ဖော်ညွှန်းမှုများ ချဲ့ကားလုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြကြောင်း၊ အမေရိကန်နှင့် အခြားသော ဒေသတွင်း ပြင်ပနိုင်ငံများသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးဖြန့်ကြက်မှုများ စဉ်ဆက်မပြတ်အားကောင်းစေခဲ့ရာ ဒေသတွင်းအခြေအနေ ပိုမိုမတည်ငြိမ်မှုကို ဦးတည်စေခဲ့သလို စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ကိစ္စရပ်များအား ဖြေရှင်းသည့် အလားအလာများကိုလည်း လျော့ကျစေခဲ့ကြောင်း ယူဆထားသည်။
ခရိုအေးရှား နိုင်ငံရေးလေ့လာသုံးသပ်ရေး ပညာရှင် Mladen Plese က တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် သမိုင်းဝင် အခွင့်အရေးများ ပိုင်ဆိုင်ထားကြောင်း၊ အတင်းအကျပ်ပြုလုပ်ထားသော၊ မတရားသော မည်သည့် ဖြေရှင်းရေးအစီအစဉ်မဆို ပြဿနာအား ပိုမိုရှုပ်ထွေးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ပြဿနာတွေကို အင်အားသုံးပြီး ဖြေရှင်းလို့မရဘူးဆိုတာ နိုင်ငံတချို့ အထူးသဖြင့် အမေရိကန်အနေနဲ့ သိသင့်ပါတယ်၊ နိုင်ငံတကာဥပေဒကို မဖြစ်မနေ လေးစားရမယ်၊ မဟုတ်ရင် တင်းမာမှုအခြေအနေကို ပိုပြီးဆိုးရွားစေမှာသာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
.................................
(Chinese Version)
多国人士批评一小撮国家炒作所谓“裁决”出台十年
新华社北京7月13日电 综合新华社驻外记者报道:针对美国、菲律宾、澳大利亚、日本等国12日发表所谓“纪念南海仲裁案裁决”十年联合声明,多国政要、学者接受新华社记者采访时表示,坚定支持中国维护在南海的领土主权和海洋权益。所谓“裁决”非法、无效,一小撮国家借所谓“裁决”出台十年挑衅滋事,将导致地区局势更加不稳定。
缅甸联邦议会人民院议员埃千认为,所谓“裁决”,不过是有些国家故意在南海问题上挑事。“中国已经多次强调,南海有关争议应当由直接有关的当事国通过谈判协商解决。这一表态再明确不过了。”
印度尼西亚防务与战略研究所首席执行官德维·萨松科说,过去十年,所谓“裁决”未在实际层面解决争端,反而持续制造紧张局势,让凝聚地区共识变得更加困难。萨松科说,当前一些地区冲突持续给全球经济带来不确定性,维护亚太地区和平稳定显得尤为重要。
菲律宾“亚洲世纪”战略研究所所长赫尔曼·劳雷尔指出,所谓“裁决”实质上是一场骗局,由美国扶持的菲律宾代理人一手炮制了这场闹剧。菲律宾应当努力与其邻国建立以合作、相互尊重和共同发展为基础的海上秩序,而不是制造对抗。
日本前外务省官员孙崎享表示,作出所谓“裁决”的“仲裁庭”只是临时设立的,所谓“仲裁”是将国际司法政治化。
卢旺达大学政治学与国际关系学系高级讲师伊斯梅尔·布坎南说,所谓“仲裁庭”缺乏司法管辖权,所谓“裁决”是无效的。美菲日等国的行为出于政治考量,是对国际法的政治操弄。国际法绝不能沦为某些国家谋求地缘私利的工具。
马里萨赫勒治理、调解与安全研究中心主任阿马杜·杜尔说,菲律宾单方面提起仲裁,所谓“裁决”非法、无效,被一些国家利用以谋求自身利益,并为域外势力介入南海问题提供借口。
坦桑尼亚《卫报》国际版主编本杰明·姆加纳表示,国际社会应尊重中国与东盟国家推进“南海行为准则”磋商的努力。“对于包括非洲国家在内的广大发展中国家而言,我们更加关注和平稳定的发展环境。作为重要国际航运通道,南海和平稳定符合国际社会共同利益。”
科特迪瓦阿比让高等商学院教授西尔万·卡西亚·盖乌说,中国始终重视维护南海和平稳定,始终坚持将谈判、协商和沟通作为处理争端的重要途径,致力于促进国家间的和平与合作。
沙特阿拉伯利雅得政治和战略研究中心研究员阿卜杜勒·阿齐兹·沙巴尼说,过去十年来,所谓“裁决”没有推动争议解决,反而成为一些域外国家干涉地区事务、加剧地区紧张局势的借口。近年来,中国与东盟持续推进“南海行为准则”磋商,并在管控分歧、维护稳定方面取得积极进展,这充分说明地区国家完全有能力通过对话妥善处理分歧。国际社会应尊重中国的主权和核心利益,尊重地区国家自主解决问题的努力。
古巴国际政治研究中心学者爱德华多·雷加拉多认为,一些国家在所谓“裁决”出台十年之时,试图炒作对中国不利的政治外交叙事。美国及其他域外国家持续在南海加强军事部署,将导致地区局势更加不稳定,压缩通过谈判解决问题的空间。
克罗地亚政治分析师姆拉登·普莱舍说,中国在南海拥有历史性权利。任何强加的、不公正的解决方案都将让问题更加复杂化。“一些国家尤其是美国应该明白,问题不能用武力解决,国际法必须得到尊重,否则只会加剧局势紧张。”(完)
图说:落日余晖中,海警川山舰在黄岩岛海域巡护值守(2026年4月24日摄,无人机照片)。新华社记者 陈斌 摄








