
ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီး Yermek Kosherbayev နှင့် ဇူလိုင် ၁၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ တိုကာယက်ဗ်တို့၏ မဟာဗျူဟာ ဦးဆောင်မှုနှင့် ကိုယ်တိုင်ကိုယ်ကျ တွန်းအားပေးမှုအောက်တွင် တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် တောင့်တင်းခိုင်မာသည့်ကြံ့ကြံ့ခံမှုနှင့် ရှင်သန်အားကောင်းမှုကို ပြသလျက်ရှိကြောင်း ပြောကြားခဲ့သည်။ သမ္မတ တိုကာယက်ဗ်သည် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ကွန်ဖရင့်နှင့် ကမ္ဘာ့ဉာဏ်ရည်တုစီမံအုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး နှစ်နိုင်ငံ အကြီးအကဲများက မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများ နက်ရှိုင်းစွာ ပြုလုပ်ကာ နှစ်ဖက်ဆက်ဆံရေး တိုးတက်ရန်အတွက် တွန်းအားသစ်များ ဖြည့်တင်းမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံက နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) တွင် ပါဝင်လာသည့်အပေါ် ကြိုဆိုကြောင်း၊ ကာဇက်စတန်နိုင်ငံနှင့်အတူ လက်တွဲကာ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်စောင့်ရှောက်သွားလိုကြောင်း ပြောကြားခဲ့သည်။
Yermek Kosherbayev က တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက်အား ဝမ်းမြောက်ဂုဏ်ပြုကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမားသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို မုချမသွေ အမြန်ဆုံးဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
王毅同哈萨克斯坦外长科舍尔巴耶夫会谈
新华社北京7月13日电(记者吴梦桐)中共中央政治局委员、外交部长王毅13日在北京同哈萨克斯坦外长科舍尔巴耶夫举行会谈。
王毅表示,在习近平主席和托卡耶夫总统战略引领和亲自推动下,中哈关系展现强大韧性与旺盛活力。托卡耶夫总统即将来华出席2026世界人工智能大会暨人工智能全球治理高级别会议,两国元首将进行深入战略沟通,为双边关系发展注入新动力。中方欢迎哈方加入国际调解院,愿同哈方携手捍卫国际公平正义。
科舍尔巴耶夫祝贺中国共产党成立105周年,表示相信在习近平主席英明领导下,中国必将早日实现高质量发展目标。(完)
1. 7月13日,中共中央政治局委员、外交部长王毅在北京同哈萨克斯坦外长科舍尔巴耶夫举行会谈。 新华社记者 殷博古 摄







