
နယူးယောက်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
အင်္ဂလန်အသင်းနောက်ခံလူ ရိစ်ဂျိမ်းစ်က ၎င်းအနေဖြင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်ကာ ဇူလိုင် ၁၅ ရက်တွင် အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ရမည့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
အဆိုပါ ချဲလ်ဆီးညာနောက်ခံလူမှာ ဂါနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်အသင်း၏ အုပ်စုအဆင့်ပွဲစဉ်၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကာ ပနားမား၊ ကွန်ဂို (DRC) နှင့် မက္ကဆီကိုအသင်းတို့ကို အနိုင်ရခဲ့သည့် ပွဲစဉ်များတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ နော်ဝေအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင်မူ ဒုတိယပိုင်းတွင် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့သည်။
မက္ကဆီကိုအသင်းနှင့် ပွဲစဉ်၌ အနီကတ်ပြသခံခဲ့ရသည့် ဂျရယ်လ် ကွမ်ဆာမှာ ပွဲပယ်ခံထားရသည့်အတွက် ဂျိမ်းစ်အနေဖြင့် အာဂျင်တီးနားအသင်းနှင့် ပွဲစဉ်၌ ပွဲထွက်ပါဝင်လာဖွယ်ရှိရာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြိုင်ဘက်အား ဂိုးသွင်းခွင့်အများအပြား ခွင့်ပြုခဲ့ရသည့် အင်္ဂလန်အသင်း၏ ခံစစ်ကို ဟန်ချက်ညီအောင် ထိန်းညှိရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
"အဲဒီကိုပြန်ရောက်လာတာက သိပ်ကောင်းပါတယ်" ဟု ၎င်းက Lions' Den podcast အစီအစဉ်၌ ပြောကြားခဲ့ပြီး ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာသည့်အတွက် စိတ်သက်သာရာရမိသည်ဟု ဆိုသည်။
"ဒီလိုပြိုင်ပွဲကြီးတစ်ခုမှာ ဒဏ်ရာရသွားပြီဆိုရင် ဘယ်တော့ဖြစ်ဖြစ် အချိန်မီပြန်ကောင်းလာအောင် အသည်းအသန်လုပ်ရတော့တာပဲ" ဟု ဒဏ်ရာမှ မြန်မြန်ဆန်ဆန် ကောင်းမွန်လာသည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းပြရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၁၈ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး လွန်ခဲ့သောလေးနှစ်က ကာတာနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သလို နောက်ဆုံးကျင်းပခဲ့သည့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ နှစ်ကြိမ်စလုံးတွင် ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သည့် အင်္ဂလန်အသင်းအနေဖြင့် ပြိုင်ပွဲ၏ ဖိအားများကို ကိုင်တွယ်နိုင်သင့်သည်ဟု ဂျိမ်းစ်က ယုံကြည်လျက်ရှိသည်။
"အတွေ့အကြုံက အရေးကြီးပါတယ်။ ပြိုင်ပွဲအဆင့် ပိုမြင့်လာလေ ဖိအားပိုများလာလေပါပဲ...ကျွန်တော်တို့ ဒီအရာကို နှစ်တွေအကြာကြီး လုပ်လာခဲ့တာပါ။ အခြေခံကျတဲ့အရာတွေက တူညီပေမဲ့ ရလဒ်ကတော့ အနည်းငယ်ကွာခြားပါတယ်" ဟု ၎င်းက ဆိုသည်။
အင်္ဂလန်အသင်းအား ပြင်ပမှ သတင်းများ၊ မျှော်မှန်းချက်များက လွှမ်းမိုးသက်ရောက်လိမ့်မည် မဟုတ်ဟုလည်း ဂျိမ်းစ်က အခိုင်အမာဆိုခဲ့သည်။
"ကျွန်တော်တို့က ကိုယ့်ရဲ့မစ်ရှင် အောင်မြင်ဖို့အတွက်ပဲ ကြိုးစားနေပြီး ပြင်ပကအရာတွေကို အာရုံမစိုက်ပါဘူး။ ပြင်ပလောကကို မြင်နိုင်ဖို့က ခဲယဉ်းပါတယ်။ ပြည်တွင်းက ပရိသတ်အားလုံးကို ဂုဏ်တက်အောင် လုပ်ပေးနေရတာကို ပျော်ရွှင်မိပါတယ်။ အဲဒါက အိပ်မက်တွေနဲ့ ထုဆစ်ပုံဖော်ထားတဲ့အရာပါ။ လူတိုင်းက ကမ္ဘာ့ဖလားမှာ ကစားခွင့်ရဖို့နဲ့ ဆုဖလားဆွတ်ခူးနိုင်ဖို့ ကလေးဘဝကတည်းက အိပ်မက်မက်ခဲ့တာပါ" ဟု ၎င်းက အဆုံးသတ်တွင် ပြောကြားခဲ့သည်။ (Xinhua)
..........................................................................
(English Version)
England defender James fully fit for World Cup semifinal against Argentina
NEW YORK, July 13 (Xinhua) -- England defender Reece James says he is fully fit and ready to face Argentina in Wednesday's World Cup semifinal.
The Chelsea right-back sustained a hamstring injury in England's group-stage match against Ghana and missed the wins over Panama, the Democratic Republic of the Congo and Mexico before returning as a second-half substitute in the tense 2-1 quarterfinal victory over Norway.
With Jarell Quansah still suspended following his red card against Mexico, James is expected to start against Argentina and help bring balance to an England defense that has conceded plenty of chances during the tournament.
"It's good to be back out there," he told the Lions' Den podcast, relieved to have recovered so quickly.
"Picking up an injury at a tournament is always a race against the clock. I applied myself," he added when explaining his rapid recovery.
James believes an England team that reached the semifinals at the 2018 World Cup and the quarterfinals in Qatar four years ago, as well as the last two European Championship finals, should be able to cope with the pressure of the occasion.
"It comes with experience. The higher stakes the game is, the more pressure... We've been doing it for years, the fundamentals are the same, but the prize is slightly different," he said.
James also insisted that England was not being influenced by news or expectations from outside the squad.
"We're in a bubble, trying to complete our mission. It's hard to see the outside. We're happy we're making everyone at home proud. This is what dreams are made of. Everyone as a little boy dreamt of playing and winning a World Cup," he concluded.
English Caption 1
Reece James (L) of England vies with Ivan Perisic of Croatia during the group L match between England and Croatia at the 2026 FIFA World Cup at the Dallas Stadium in Dallas, the United States, on June 17, 2026. (Xinhua/Wu Xiaoling)
English Caption 2
Reece James (2nd L) of England receives medical attention as his teammates talk with referee Said Martinez during the group L match between England and Ghana at the 2026 FIFA World Cup at Boston Stadium in Boston, the United States, June 23, 2026. (Xinhua/Huang Zongzhi)
English Caption 3
Starting players of England pose for group photos before the quarter final match between Norway and England at the 2026 FIFA World Cup at the Miami Stadium in Miami, the United States, July 11, 2026. (Xinhua/Cheng Min)








