တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ကမ္ဘာ့အကြီးဆုံး ရေခဲနှင့်ဆီးနှင်း အပန်းဖြေဥယျာဉ်ဖြစ်သော ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာသို့ လာရောက်လည်ပတ်နေသူများကို 
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ကမ္ဘာ့အကြီးဆုံး ရေခဲနှင့်ဆီးနှင်း အပန်းဖြေဥယျာဉ်ဖြစ်သော ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာသို့ လာရောက်လည်ပတ်နေသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


“ဟေးလုံကျန်းပြည်နယ်ရဲ့ ရေခဲနှင့် ဆီးနှင်း ခရီးသွားလုပ်ငန်းက တော်တော်လေးကို ထူးခြားဆန်းသစ်ပါတယ်။ မြန်မာပြည်သူတွေလည်း ဒီနေရာကို အများကြီး သဘောကျလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မြန်မာနိုင်ငံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဟားအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာ၏ ရေခဲနှင့် ဆီးနှင်း အိပ်မက်ပြတိုက်ကို မကြာသေးမီက သွားရောက်လည်ပတ်ခဲ့ပြီးနောက် ထိုသို့ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်တွင် ကျင်းပသည့် ၈ ကြိမ်မြောက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ အထူးဧည့်သည်တော်အဖြစ် ဝန်ကြီးအား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဟေးလုံကျန်းပြည်နယ် မြို့တော် ဟားအယ်ပင်းရှိ ရေခဲနှင့် ဆီးနှင်း အိပ်မက်ပြတိုက်တွင် ရေခဲပန်းပုများ၊ indoor ဆီးနှင်းရှုခင်းနှင့် ရေခဲ-ဆီးနှင်း ဖျော်ဖြေတင်ဆက်မှုအဆောက်အအုံများက ၎င်းအား မကြာခဏဆိုသလို ရပ်တန့်ငေးမောရလောက်အောင် ဆွဲဆောင်လျက်ရှိသည်ဟု ဆိုသည်။

“လက်ရှိမှာ အရှေ့တောင်အာရှမှာ indoor ရေခဲနှင့် ဆီးနှင်းနေရာတွေက ရှားပါတယ်။ ကျွန်တော် မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါမှာ ပြည်တွင်းကလူတွေကို ဟားအယ်ပင်း ရေခဲနှင့် ဆီးနှင်း အိပ်မက်ပြတိုက်ကို လာရောက်လည်ပတ်ကြဖို့ ထောက်ခံအားပေးသွားမှာပါ။ မြန်မာပြည်ကလူတွေလည်း ဟေးလုံကျန်းပြည်နယ်ရဲ့ ထူးခြားဆန်းသစ်တဲ့ indoor ရေခဲနှင့် ဆီးနှင်း ခရီးသွားလုပ်ငန်းစီမံကိန်းတွေကို ပိုပြီးလေ့လာနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ဟားအယ်ပင်းရဲ့ ရေခဲနှင့် ဆီးနှင်း ခရီးသွားလုပ်ငန်းက တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်နိုင်တဲ့ ထူးခြားဆန်းသစ်တဲ့အမှတ်တံဆိပ်အဖြစ် ပြောင်းလဲတိုးတက်နေပါပြီ” ဟု ဦးမောင်မြင့်က ပြောကြားခဲ့ပြီး ယခင်က ရာသီဥတုနှင့် ရာသီအလိုက် အခြေအနေများကြောင့် ဆောင်းရာသီ၌သာ အကန့်အသတ်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး indoor ရေခဲနှင့် ဆီးနှင်း စီမံကိန်းများကမူ ထိုသို့ ရာသီအလိုက် အကန့်အသတ်များကို ကျော်လွှားကာ ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ထိုကဲ့သို့ စီမံကိန်းများသည် ရာသီအလိုက်သာ ဖော်ဆောင်နိုင်သည့်အခြေအနေမှ တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ရေခဲနှင့် ဆီးနှင်း ခရီးသွားလုပ်ငန်းအဖြစ် အသွင်ပြောင်းလဲရာတွင် အထောက်အကူဖြစ်စေသလို အရှေ့တောင်အာရှနိုင်ငံများအနေဖြင့်လည်း ထူးခြားဆန်းသစ်သော ခရီးသွားလုပ်ငန်းထုတ်ကုန်များ ဖော်ထုတ်ရန် စိတ်ကူးစိတ်သန်းများ ရရှိစေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ၌ ဦးမောင်မြင့်က ၎င်းအနေဖြင့် ဟေးလုံကျန်းပြည်နယ်၏ ထူးခြားဆန်းသစ်သော ခရီးသွားလမ်းကြောင်းများကို ကိုယ်တိုင်တွေ့ကြုံခွင့် ရခဲ့သည်ဟု ပြောသည်။ မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များအနေဖြင့် ဟားအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာနှင့် ဟေးလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲကို ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ လက်ခံကျင်းပခဲ့သည့် ကျီးရှီးမြို့ရှိ ရှင်းခိုင်ရေကန်ကဲ့သို့သော ခရီးသွားဆွဲဆောင်ရာနေရာများကို အထူးစိတ်ဝင်စားကြလိမ့်မည်ဟုလည်း ၎င်းက ယူဆသည်။

ထို့ပြင် ထူးခြားသော ဒေသသွင်ပြင်လက္ခဏာများရှိသော နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း ထုတ်ကုန်များ ပေးစွမ်းနိုင်ရေးအတွက် ရှင်းခိုင်ရေကန်နှင့် ရုရှားနိုင်ငံ အရှေ့ဖျားဒေသတို့ကို ချိတ်ဆက်ပေးသည့် ခရီးသွားလမ်းကြောင်းများ ထပ်မံဖော်ဆောင်ရန်လည်း ၎င်းက အကြံပြုခဲ့သည်။

"တေးဂီတမြို့တော်" ဟူ၍ ဟားအယ်ပင်းမြို့၏ ဂုဏ်သတင်းကျော်ကြားမှုက  နှစ်လိုဖွယ်ဖြစ်သော ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းအရင်းအမြစ်တစ်ခုလည်းဖြစ်ကြောင်း၊ အဆိုပါမြို့၏ ယဉ်ကျေးမှုအရ ဆွဲဆောင်မှုမှာလည်း မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များအဖို့ နီးနီးကပ်ကပ် တွေ့ကြုံခံစားထိုက်ကြောင်း ဦးမောင်မြင့်က ယုံကြည်လျက်ရှိသည်။

တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင်လည်း ၎င်းက မြန်မာနိုင်ငံနှင့် ဟေးလုံကျန်းပြည်နယ်တို့၏ ခရီးသွားလုပ်ငန်း အရင်းအမြစ်များမှာ အထူးပင် အပြန်အလှန်ဖြည့်စွက်ပံ့ပိုးနိုင်စွမ်းရှိကာ တစ်ဖက်က အပူပိုင်းဒေသ ရာသီဥတုကြောင့် လူသိများသလို အခြားတစ်ဖက်ကလည်း အေးမြသောဒေသ၏ ဆွဲဆောင်မှုများကြောင့် လူသိများသည်ဟု ဆိုသည်။ နှစ်ဖက်အနေဖြင့် ရေခဲနှင့် ဆီးနှင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ ခရီးသွားဧည့်သည်များ အပြန်အလှန် ကူးလူးသွားလာမှု အဆင်ပြေချောမွေ့ရေး၊ ခရီးသွားလုပ်ငန်း ထုတ်ကုန်များကို တစ်နှစ်ပတ်လုံး ဖော်ထုတ်ရေးအတွက် ပိုမိုတိကျသေချာသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။

ဒေသတွင်းနိုင်ငံ အများအပြားက ခရီးသွားလမ်းကြောင်းများ ပူးတွဲဖော်ဆောင်ရေးအတွက် လက်တွဲညီညီလုပ်ဆောင်ရန် မျှော်မှန်းထားသည့် မဟာမဲခေါင်ဒေသခွဲ မူဘောင်အရ "နှစ်နိုင်ငံ၊ ရည်မှန်းချက်ပန်းတိုင်တစ်ခု" ဟူသော အယူအဆနှင့်ပတ်သက်၍ ဆွေးနွေးရန် မြန်မာနိုင်ငံက အနာဂတ်ကို ရည်မျှော်၍ မျှော်လင့်လျက်ရှိသည်။

"ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဟေးလုံကျန်းပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေဖို့ မျှော်မှန်းထားသလို အရှေ့တောင်အာရှနိုင်ငံတွေမှာ ခရီးသွားလုပ်ငန်းဈေးကွက် ချဲ့ထွင်နိုင်ဖို့အတွက်လည်း ဟေးလုံကျန်းပြည်နယ်ကို အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။  (Xinhua)

……………………………………..

(English Version)

Myanmar minister sees promise in Heilongjiang's ice-and-snow tourism, advocates deeper tourism cooperation

HARBIN, China, July 12 (Xinhua) -- "Heilongjiang's ice-and-snow tourism is highly distinctive, and I believe more and more Myanmar people will fall in love with this place," said U Maung Myint, Minister of Hotels, Tourism and Culture of the Republic of the Union of Myanmar, after visiting the Dream Ice and Snow Pavilion of Harbin Ice-Snow World recently.

The minister was invited as a special guest to the eighth Tourism Industry Development Conference of Heilongjiang Province in Northeast China.

At the Dream Ice and Snow Pavilion in Harbin, the provincial capital, ice sculptures, indoor snow scenery and ice-and-snow entertainment facilities drew him to stop and look around from time to time.

"Southeast Asia currently lacks similar indoor ice-and-snow venues. After returning to Myanmar, I will actively recommend Harbin's Dream Ice and Snow Pavilion to local people, so that more Myanmar people can learn about Heilongjiang's distinctive indoor ice-and-snow tourism projects," he said.

"Harbin's ice-and-snow tourism has developed into a distinctive brand with year-round appeal," U Maung Myint said, noting that in the past, outdoor ice-and-snow projects were generally limited to winter due to climatic and seasonal conditions, while indoor ice-and-snow projects have overcome those seasonal constraints.

Such projects, he added, will help transform ice-and-snow tourism from a seasonal highlight into a year-round attraction, while inspiring Southeast Asian countries to develop distinctive tourism products.

During the tourism conference, U Maung Myint said he experienced Heilongjiang's distinctive tourism routes firsthand. He believes Myanmar tourists will show strong interest in such attractions as Harbin Ice-Snow World and Xingkai Lake in Jixi City, which hosted the provincial tourism conference from July 8 to 9.

He also suggested further developing tourism routes linking Xingkai Lake with the Russian Far East to offer cross-border tourism products with distinctive regional features.

U Maung Myint believes Harbin's reputation as a "city of music" is also an appealing cultural tourism asset, adding that the city's cultural charm is worth experiencing up close for Myanmar tourists.

Speaking of China-Myanmar tourism cooperation, the Myanmar minister said the tourism resources of Myanmar and Heilongjiang are highly complementary, with one known for tropical climate and the other for cold-region attractions. The two sides can carry out more targeted cooperation in promoting ice-and-snow tourism, facilitating mutual tourist exchanges, and developing year-round tourism products.

Looking ahead, Myanmar hopes to discuss the "two countries, one destination" concept under the framework of the Greater Mekong Subregion, which envisions multiple countries in the region working together to develop joint tourism routes.

"We look forward to further strengthening cooperation between Myanmar and Heilongjiang, and we also hope to help Heilongjiang expand its tourism market in Southeast Asian countries," he said.  Enditem

Photo: People visit the Harbin Ice-Snow World, the world's largest ice-and-snow theme park, in Harbin, northeast China's Heilongjiang Province, Jan. 27, 2026. (Xinhua/Wang Song)