တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပရာနေရာရှေ့တွင် လာရောက်လေ့လာ၍ ဓာတ်ပုံရိုက်ကူးနေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒူရှန်ဘီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

“ကျွန်တော်အမြဲ ဒီလိုမေးခွန်းတစ်ခုကို စဉ်းစားမိတယ်။ တိုင်းပြည်အန္တရာယ်ကျရောက်နေချိန်မှာ ပေါ်ထွက်လာတဲ့၊ ကနဦးမှာ ပါတီဝင်အယောက်ဒါဇင်ချီသာရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ ဘယ်လိုမျိုးအင်အားနဲ့ တရုတ်နိုင်ငံကို ဆင်းရဲချည့်နဲ့ရာကနေ စည်ပင်ဝပြော ကြွယ်ဝကာ အင်အားတောင့်တင်းလာအောင် ဦးဆောင်ခဲ့ပြီး နှစ်ပေါင်း ၅,၀၀၀ ကျော် သမိုင်းရှိတဲ့ ကြီးမြတ်တဲ့ယဉ်ကျေးမှုတစ်ခုကို ခေတ်ကာလရှင်သန်စွမ်းအားအသစ်တွေနဲ့ သစ်လွင်လာအောင် ဘယ်လိုဆောင်ရွက်ခဲ့တာလဲ ဆိုတာပါပဲ။”

ယင်းသည် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ၏ မဟာဗျူဟာ သုတေသနစင်တာ သတင်းအချက်အလက် ပံ့ပိုးရေးဌာန အကြီးအကဲ Bahtier Hamdamov ၏ မေးခွန်းပင်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် အခါသမယတွင် Bahtier Hamdamov က ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်၍ တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေကို အခြေခံခြင်းအား ခိုင်မြဲစွာ လက်ကိုင်ထားကာ ကြံ့ကြံ့ခံနိုင်မှုနှင့် အကြိမ်ကြိမ်ကျရှုံးသော်လည်း နောက်မဆုတ်သော စိတ်ဓာတ်စာရိတ္တဖြင့် မဆုတ်မနစ်ကြိုးပမ်းခဲ့ရာ တရုတ်နိုင်ငံ၏ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

http://xhtxs.cn/bdt1

နေဝင်ဆည်းဆာချိန်တွင် ထွန်းလင်းတောက်ပနေသော တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အဆောက်အဦများကို ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နေဝင်ဆည်းဆာချိန်တွင် ထွန်းလင်းတောက်ပနေသော တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အဆောက်အဦများကို ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျီးပေါ်မြို့ ကောင်းချင်းခရိုင် စမ်းသပ်မူလတန်းကျောင်းမှ ကျောင်းသူများက အတန်းနားချိန်တွင် အပြုံးမျက်နှာပုံစာရွက်လေးများ ကိုင်ထားသည်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

世界读懂中国共产党|“坚守自己的文化传统”

新华社杜尚别7月5日电 世界读懂中国共产党|“坚守自己的文化传统”  新华社记者安晓萌  

“我常常思考这样一个问题:诞生于民族危亡之际、最初只有几十名党员的中国共产党,究竟凭借什么力量,带领中国从积贫积弱走向繁荣富强,并使一个拥有5000多年历史的伟大文明焕发新的时代活力?”  

这是塔吉克斯坦总统战略研究中心信息保障局局长巴赫季耶尔·哈姆达莫夫提出的问题。  

在中国共产党成立105周年之际,哈姆达莫夫接受新华社记者专访时表示,中国共产党团结带领中国人民,坚持从中国实际出发,以坚韧不拔、百折不挠的精神品格不懈奋斗,走出一条符合中国国情的发展道路。http://xhtxs.cn/bdt1

图说1:2025年10月1日,游客在上海中共一大会址前参观拍照新华社记者 刘颖

图说2:6月9日,夕阳点亮了北京城市建筑群。 新华社记者 王建华

图说3:5月7日,山东省淄博市高青县实验小学的学生们在课间展示笑脸图案新华社发(张维堂摄