တီဟီရန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်က ၎င်း၏ အီရန်ရေနံရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုအား ရပ်ဆိုင်းထားသည့် ယာယီအစီအမံ ပယ်ဖျက်မှုကို ပြစ်တင်ရှုတ်ချကြောင်း၊ အဆိုပါလုပ်ရပ်သည် အီရန်-အမေရိကန် အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း၍ လိုအပ်သော လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဟု သတိပေးပြောကြားခဲ့သည်။
အမေရိကန်၏ အဆိုပါလုပ်ရပ်သည် အီရန်-အမေရိကန် အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာပါ အချက် ၁၀ ချက်အား ချိုးဖောက်နေကြောင်း၊ အမေရိကန်ဘက်အနေဖြင့် သက်ဆိုင်ရာ နောက်ဆက်တွဲရလဒ်များအပေါ် တာဝန်ယူရမည်ဖြစ်ကြောင်း ကြေညာချက်က ထောက်ပြထားသည်။
အီရန်-အမေရိကန် နှစ်ဖက်သည် မကြာသေးမီကမှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး အမေရိကန်က ၎င်းတို့ ဇွန် ၂၁ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော အီရန်ရေနံရောင်းချခွင့် စသည့် သာမန်ခွင့်ပြုချက်များကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ ယင်းသည် အမေရိကန်အစိုးရက ယုံကြည်ဖွယ်ရာမရှိခြင်းကို ထပ်မံဖော်ပြလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။
အမေရိကန်က နားလည်မှုစာချွန်လွှာပါ အချက်များကို အကြိမ်များစွာ “တိုက်ရိုက်ချိုးဖောက်ခြင်း သို့မဟုတ် လက်ဘနွန်တွင် အစ္စရေးလှုပ်ရှားမှုများမှတစ်ဆင့် ချိုးဖောက်ခြင်း” ကိုလည်း ကြေညာချက်တွင် ပြစ်တင်ဖော်ပြထားသည်။
အီရန်သည် ဇွန် ၁၈ ရက်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် အစဉ်အမြဲ သဘောထားမှန်စေတနာဖြင့် မိမိ၏ကတိကဝတ်ကို ကြိုးပမ်းထမ်းဆောင်လျက်ရှိကြောင်း၊ သို့သော် အမေရိကန်သည် ကတိကဝတ်ကို ချိုးဖောက်သည့်အပြင် အကြောင်းပြချက်မျိုးစုံဖြင့် ခုခံကာကွယ်ပြောကြားနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အီရန်အနေဖြင့် ၎င်းက ကိုယ်ပိုင်အကျိုးစီးပွားနှင့် နိုင်ငံလုံခြုံရေးအား ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်ဟု ယူဆသော လှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် သတိပေးပြောကြားခဲ့သည်။ (Xinhua)
------------------------------------
(Chinese Version)
伊朗谴责美国违反谅解备忘录 警告将采取必要行动
新华社德黑兰7月8日电(记者陈霄 沙达提)伊朗外交部8日凌晨发表声明,谴责美方取消其暂停制裁伊朗石油销售的临时措施,称此举公然违反伊美伊斯兰堡谅解备忘录,并警告将就此采取必要行动。
声明指出,美方此举公然违反伊美伊斯兰堡谅解备忘录第10条,美方应对相关后果承担责任。
声明还说,伊美双方刚于不久前签署谅解备忘录,美国即宣布取消其于6月21日签发的授权伊朗石油销售等的一般许可证,这再次显示美国政府不可信任。声明还指责美国多次“直接违反或通过以色列在黎巴嫩的行动违反”备忘录有关条款。
声明表示,伊朗自6月18日签署备忘录以来,一直以善意努力履行自身承诺。但美国不但违反承诺,还以各种借口进行辩解。
声明警告说,伊朗将采取其认为维护自身利益和国家安全所必要的行动。(完)








