တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဇွန် ၂၂ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဇွန် ၂၂ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Tarique Rahman သည် ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇွန် ၂၂ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ဤခရီးစဉ်၏ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားခဲ့သည်။

“ယခုအကြိမ်ခရီးစဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Tarique Rahman ဝန်ကြီးချုပ်ရာထူးထမ်းဆောင်ပြီးနောက် ပထမအကြိမ် တရုတ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီချန်နှင့် NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့သည် ဝန်ကြီးချုပ် Tarique နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး နှစ်ဖက်ဆက်ဆံရေးနှင့် ဘုံဂရုစိုက်သော နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားများ နက်နက်ရှိုင်းရှိုင်း ဖလှယ်ကာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်လမ်းညွှန်ပေးမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် Tarique သည် တရုတ်နိုင်ငံ၊ တာ့လျန်မြို့တွင် ကျင်းပမည့် ၁၇ ကြိမ်မြောက် Summer Davos ဖိုရမ်ကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက မိတ်ဆက်ပြောကြားခဲ့သည်။

တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစဉ်အလာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ မကြာသေးမီနှစ်များတွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များ ကြွယ်ဝလာခဲ့ရာ နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။  

“တရုတ်အနေနဲ့ ယခုအကြိမ်ခရီးစဉ်ကို အခွင့်အလမ်းအဖြစ်ထားရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအသစ်နဲ့အတူ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ အားကောင်းစေပြီး အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းသွားဖို့၊ ‘ရပ်ဝန်းနှင့် ပိုးလမ်းမ’ အရည်အသွေးမြင့် အတူတကွ တည်ဆောင်ခြင်းကို မြှင့်တင်ကာ ကဏ္ဍအသီးသီး ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့၊ နိုင်ငံစုံ ရေးရာ ညှိနှိုင်းဆောင်ရွက်မှု အားဖြည့်ကာ တရုတ်-ဘင်္ဂလားဒေ့ရှ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရေးကို တွန်းအားပေး ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

.............................

(Chinese Version)

外交部介绍孟加拉国总理塔里克访华安排

新华社北京6月22日电(记者吴梦桐、万倩仪)应国务院总理李强邀请,孟加拉人民共和国总理塔里克·拉赫曼将于6月24日至26日对中国进行正式访问。外交部发言人郭嘉昆22日在例行记者会上介绍了此访安排和中方期待。  

“此访是孟加拉国总理塔里克就任后首次访华。”郭嘉昆说,访问期间,习近平主席、李强总理和赵乐际委员长将分别同塔里克总理会见、会谈,就双边关系及共同关心的国际和地区问题深入交换意见,为两国关系发展指明方向。塔里克总理还将出席在中国大连举行的第十七届夏季达沃斯论坛。

郭嘉昆表示,中国和孟加拉国是传统友好邻邦和全面战略合作伙伴。近年来,在两国领导人的战略指引下,中孟关系持续向前发展,政治互信不断深化,务实合作成果丰硕,给两国人民带来实实在在的福祉。   

“中方期待以此访为契机,同孟加拉国新政府一道,加强战略沟通,赓续传统友谊,推进高质量共建‘一带一路’,拓展各领域交流合作,加强多边事务协调,推动中孟全面战略合作伙伴关系迈上新台阶。”郭嘉昆说。(完)