
တိုကျို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်စစ်ဘက်ဆိုင်ရာ ဝန်ထမ်းသုံးဦးသည် အရက်နှင့်ဆက်စပ်သည့်ဖြစ်ရပ်များကြောင့် ၄ ရက်အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း၊ နောက်ဆုံးဖမ်းဆီးခံရသည့် ဖြစ်ရပ်မှာ နိုဝင်ဘာ ၁၇ ရက်တွင် ကာနာဂါဝါစီရင်စု၌ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။
ကာနာဂါဝါစီရင်စု၊ ယိုကိုဆူကာမြို့ရဲတပ်ဖွဲ့သည် အရက်မူးနေစဉ် ပစ္စည်းဥစ္စာဖျက်ဆီးခဲ့သည်ဟု သံသယရှိသည့် အသက် ၂၆ နှစ်အရွယ် အမေရိကန်ရေတပ်သားတစ်ဦးကို အခင်းဖြစ်နေရာ၌ပင် ဖမ်းဆီးခဲ့သည်ဟု ဂျပန်နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန NHK က ဖော်ပြခဲ့သည်။
အဆိုပါစစ်သားသည် နိုဝင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁၂း၄၅ နာရီအချိန်ခန့်က တိုက်ခန်းတစ်ခုရှိ မှန်တံခါးကို မီးသတ်ဆေးဘူးဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့သည်ဟု စွပ်စွဲခံထားရသည်။ မှန်ကို တစ်စုံတစ်ယောက်က ရိုက်ခွဲနေသံကိုကြားရပြီးနောက် ဒေသခံများက ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်းရဲတပ်ဖွဲ့၏အဆိုအရ ယင်းစစ်သားသည် အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် အရက်မူးယစ်နေခဲ့သလို ၎င်းကိုဖမ်းဆီးပြီးနောက် ရဲကားပေါ်တွင်လည်း အနှောင့်အယှက်ဖြစ်စေမည့်အပြုအမူများကို ဆက်လက်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ၎င်းသည် ယိုကိုဆူကာရှိ အမေရိကန်ရေတပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်ကလည်း အိုကီနာဝါရဲတပ်ဖွဲ့သည် ကာဒီနာလေတပ်စခန်းမှ အမေရိကန်စစ်ဘက်ဆိုင်ရာ ဝန်ထမ်းနှစ်ဦးကို အရက်နှင့်ဆက်စပ်သည့်ဖြစ်ရပ်များကြောင့် သီးခြားစီဖမ်းဆီးခဲ့ရသည်။ ၎င်းတို့အနက် ကပ္ပတိန်အဆင့်ရှိသူတစ်ဦးမှာ အရက်မူးပြီးယာဉ်မောင်းနှင်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အခြားစစ်သားတစ်ဦးကမူ အများပြည်သူသွားလာရာနေရာ၌ အရက်မူးယစ်နေစဥ် ၎င်း၏လျှို့ဝှက်အပ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထုတ်ပြခဲ့သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အောက်တိုဘာလအစောပိုင်းကလည်း အိုကီနာဝါစီရင်စုရှိ နာဟာမြို့တွင် ဂျပန်အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်ခဲ့သည်ဟူသော သံသယဖြင့် အမေရိကန်စစ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲ့များအား အောက်တိုဘာ ၉ ရက်မှစကာ ရက်ပေါင်း ၃၀ ကြာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။ အဆင့်နိမ့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများအတွက် ယင်းညမထွက်ရအမိန့်ကို နောက်ပိုင်းတွင် ဒီဇင်ဘာ ၇ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ (Xinhua)
..................................
(English version)
3 U.S. servicemen stationed in Japan arrested in alcohol-related incidents within 4 days
TOKYO, Nov. 17 (Xinhua)
Three U.S. military personnel stationed in Japan have been arrested in alcohol-related incidents within four days, with the latest arrest taking place in Kanagawa Prefecture on Tuesday, local media reported.
Police in Yokosuka City, Kanagawa Prefecture, arrested a 26-year-old U.S. Navy serviceman on the spot on suspicion of damaging property while intoxicated, public broadcaster NHK reported.
The serviceman allegedly smashed a glass door at an apartment building with a fire extinguisher at around 12:45 a.m. local time on Tuesday. Residents alerted police after hearing someone striking the glass.
According to local police, the serviceman was intoxicated at the time of the incident and continued behaving disruptively inside a police vehicle after his arrest. He is reportedly stationed at the U.S. Navy base in Yokosuka.
On Nov. 14, Okinawa police arrested two U.S. military personnel from Kadena Air Base in separate alcohol-related incidents. One, a captain, was suspected of driving under the influence, while the other, a serviceman, was suspected of exposing his private parts in a public place while intoxicated.
In early October, a U.S. serviceman was arrested in Naha, Okinawa Prefecture, on suspicion of robbing and murdering a Japanese woman. Following the incident, U.S. forces in Okinawa announced a 30-day curfew starting Oct. 9. The curfew for lower-ranking personnel was subsequently extended until Dec. 7. ■
Photo caption: People take part in a protest in Okinawa, Japan, May 14, 2022. (Xinhua/Zhang Xiaoyu)








