တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မ့ာခ်ကာနီနှင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မ့ာခ်ကာနီနှင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆန်းကျန့်မြို့တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မ့ာခ်ကာနီနှင့် နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ကနေဒါတို့သည် အာရှ-ပစိဖိတ် ဒေသတွင်းရှိ အရေးကြီးသော နိုင်ငံများ ဖြစ်ကြကြောင်း၊ တရုတ်-ကနေဒါ ဆက်ဆံရေး ကောင်းမွန်တိုးတက်လာခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသလို ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးကို ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူပြုရာ မှန်ကန်သောရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ယခုနှစ်များအတွင်း တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဥ်မှတစ်ဆင့် မိမိတို့သည် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန် အကျိုးရှိမှု၊ ကွဲပြားမှုကို ထားရှိပြီး တူညီမှုကို ရှာဖွေမှု စသည်တို့ကို သင်ခန်းစာများအဖြစ် ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့်အတူကြိုးပမ်းကာ တရုတ်-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပုံစံအသစ်ကို အဆက်မပြတ် ရှေ့သို့တိုးတက်အောင် တွန်းအားပေးရန်၊ အပြန်အလှန်လေးစားမှု၊ အတူတကွဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုရှိသော မိတ်ဖက်များအဖြစ် ရပ်တည်ရန်၊ နှစ်နိုင်ငံ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက် ၄ ချက် အဆိုပြုခဲ့သည်။ ၎င်းတို့မှာ-

ပထမအချက်အနေဖြင့် အခြေအနေ အရှိန်အဟုန်ကို အသုံးချကာ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရမည် ဖြစ်သည်။ အပြုသဘောဆောင်သော အပြန်အလှန်ဆွေးနွေးမှုမှတစ်ဆင့် အပြန်အလှန် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနှင့် မူဝါဒရည်ရွယ်ချက်များအပေါ် မှန်ကန်သော သိမြင်နားလည်မှုကို အဆက်မပြတ် မြှင့်တင်ရမည်၊ အပြန်အလှန် အဓိကအကျိုးစီးပွားနှင့် အရေးကြီးကိစ္စရပ်များအပေါ် နားလည်မှုနှင့် လေးစားမှုကို နက်ရှိုင်းစေရမည်၊ သဘောထား ကွဲလွဲမှုများကို ဆီလျော်စွာ စီမံထိန်းချုပ်ကာ ဖြေရှင်းရမည်၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ မှန်ကန်သော ဦးတည်ချက်ကို အတူတကွ ခိုင်မာစွာ ထိန်းသိမ်းရမည် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ချိတ်ဆက်မှုကို အားကောင်းစေရမည် ဖြစ်သည်။ ကုန်သွယ်မှု၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး စသည့် သမားရိုးကျ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစေကာ အစိမ်းရောင် စီးပွားရေး၊ အီလက်ထရောနစ် ကုန်သွယ်မှု၊ ဒစ်ဂျစ်တယ် စီးပွားရေး စသည့် ထွန်းသစ်စ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပြီး အားသာချက်များ အပြန်အလှန် ဖြည့်ဆည်းမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ရမည် ဖြစ်သည်။

တတိယအချက်အနေဖြင့် ရေရှည်ကို မျှော်မှန်းကာ လူမှုယဉ်ကျေးမှု ဖလှယ်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံအနေဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာ၊ လူငယ်၊ ဒေသန္တရ စသည့် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာစေရန် အားပေးရမည် ဖြစ်သည်။

စတုတ္ထအချက်အနေဖြင့် ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေပြီး စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို အတူတကွ ကျင့်သုံးကာ ကုလသမဂ္ဂ၏ အခွင့်အာဏာနှင့် နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ကာကွယ်ထိန်းသိမ်း၍ ပိုမို တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်ကို တည်ဆောက်ရန် တွန်းအားပေးရမည်ဖြစ်သည်။

မ့ာခ်ကာနီက ယခုနှစ် အစောပိုင်းတွင် မိမိနှင့် သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံစဉ် ကနေဒါ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပုံစံအသစ် တည်ထောင်ခဲ့ချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေးသည် မှန်ကန်သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံ ဌာနအသီးသီးကြား ကူးလူးဆက်ဆံမှုများ မကြာခဏရှိနေကာ ကုန်သွယ်မှုပမာဏ သိသိသာသာ တိုးမြင့်ခဲ့သလို နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုသည်ည်း သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ ဤအချက်က နှစ်နိုင်ငံသည် အပြန်အလှန် လေးစားမှု အခြေခံပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ နက်ရှိုင်းစေနိုင်သည်ကို အပြည့်အဝ ဖော်ပြနေကြောင်း ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်အသစ်၊ စိုက်ပျိုးရေး ထုတ်ကုန်၊ ဉာဏ်ရည်တု၊ ခရီးသွားလုပ်ငန်း စသည့် ပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စွာ ပြုလုပ်ရန်၊ ပြဿနာ စာရင်းကို လျော့နည်းစေပြီး ပူးပေါင်းဆောင်ရွက်မှု စာရင်းကို ပိုမိုများပြားလာစေရန်၊ ပြည်သူများအကြား ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုကို အားကောင်းစေရန်၊ နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံများ ဖလှယ်ရန်၊ ကနေဒါ-တရုတ် ဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ယခုနှစ် APEC အိမ်ရှင်အဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ခြင်းကို ဂုဏ်ပြုကြောင်း၊ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး၏ ခေါင်းစဉ် “ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့” သည် အမြော်အမြင်ရှိပြီး မဟာဗျူဟာမြောက်ကြောင်း၊ ကနေဒါနှင့် တရုတ်တို့သည် အရေးကြီးသော ပစိဖိတ်သမုဒ္ဒရာ နိုင်ငံများ ဖြစ်ကြကြောင်း၊ ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ တွန်းအားပေးရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရန်၊ လွတ်လပ်သော ကုန်သွယ်မှုကို မြှင့်တင်ရန်၊ အာရှ-ပစိဖိတ်နှင့် ကမ္ဘာကြီး တည်ငြိမ်ရေးနှင့် စည်ပင်ဝပြောရေးအတွက် အကျိုးထမ်းပိုးမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း မ့ာခ်ကာနီက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ချိုက်ချီ၊ ဝမ်ရိ၊ ဟွမ်ခွန်းမင် စသည့် ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)

…………………………………..

(Chinese Version)

聚焦APEC|习近平会见加拿大总理卡尼

新华社深圳11月17日电(记者邵艺博、周强)11月17日上午,国家主席习近平在深圳会见来华出席亚太经合组织领导人非正式会议的加拿大总理卡尼。  

习近平指出,中国和加拿大同为亚太地区重要国家。中加关系改善发展符合两国人民利益,也有利于维护世界和平稳定和发展繁荣,是一个正确选择。中加关系这些年发展历程给我们的重要启示,就是相互尊重、平等互利、求同存异。中方愿同加方一道努力,推动中加新型战略伙伴关系不断向前发展,做相互尊重、共同发展、彼此信任、相互协作的伙伴,更好造福两国人民。  

习近平就发展中加关系提出4点意见。一要乘势而上,增进政治互信,通过建设性对话沟通,不断增进对彼此发展道路和政策意图的正确认知,加深对相互核心利益和重大关切的理解尊重,妥善管控和化解矛盾分歧,共同把牢两国关系的正确方向。二要加强对接,进一步深化贸易、能源、农业、金融等传统合作,拓展绿色经济、电子商务、数字经济等新兴合作,更好实现优势互补、互利共赢。三要着眼长远,深化人文交流,鼓励两国开展更多教育、文化、旅游、科技、青年、地方等交流合作。四要加强协调,共同践行真正的多边主义,维护联合国权威和多边贸易体制,推动构建更加公正合理的全球治理体系。  

卡尼表示,今年年初我同习近平主席会晤时确立加中新型战略伙伴关系以来,双边关系进入正确发展轨道,两国各部门交往频繁,贸易额大幅增长,各领域合作取得长足进展。这充分说明两国完全可以在相互尊重基础上推进和深化合作。加方愿同中方增进相互信任,密切贸易、投资、新能源、农产品、人工智能、旅游等合作,压缩问题清单,拉长合作清单,加强人民友好交往,开展治国理政经验交流,推动加中关系长期稳定发展。祝贺中国成功担任今年亚太经合组织东道主,领导人非正式会议主题“建设亚太共同体,促进共同繁荣”具有前瞻性和战略性。加中都是重要的太平洋国家。加方愿同中方加强协调,共同推动亚太合作,维护多边主义,促进自由贸易,为亚太和世界的稳定繁荣作出贡献。  

蔡奇、王毅、黄坤明等参加会见。(完)

图说:11月17日上午,国家主席习近平在深圳会见来华出席亚太经合组织领导人非正式会议的加拿大总理卡尼。 新华社记者 刘卫兵 摄