တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ ရှန်းမိဟူလမ်းတွင် APEC သင်္ကေတများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ ရှန်းမိဟူလမ်းတွင် APEC သင်္ကေတများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို မကြာမီ တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ကျင်းပတော့မည်ဖြစ်သည်။ ရုရှား-အာရှ စက်မှုလုပ်ငန်းရှင်နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များသမဂ္ဂ ဥက္ကဋ္ဌ Vitaly Mankevich သည် မကြာသေးမီက ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာ၌ တရုတ်နိုင်ငံသည် APEC အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် သုံးကြိမ်လက်ခံကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သူအနေအထားမှ ဦးဆောင်သူအခန်းကဏ္ဍသို့  တစ်ဖြည်းဖြည်းပြောင်းလာရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်း၍ပိုမိုခိုင်မာလာစေရန် အဆက်မပြတ် တွန်းအားပေးကာ အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်မှုအတွက် အရှိန်အဟုန် ခိုင်မာစွာမြှင့်တင် ဖြည့်တင်းပေးလိုက်ကြောင်း ပြောကြားခဲ့သည်။

Vitaly Mankevich သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၎င်းက ၂၀၂၆ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် အသိုက်အဝန်းတည်ဆောက်ရေးအား ရည်မှန်းချက်မှ ဆောင်ရွက်ချက်အဖြစ်သို့ လည်းကောင်း၊ မျှော်မှန်းချက်မှ လက်တွေ့အကောင်အထည်ဖော်ခြင်းအဖြစ်သို့လည်းကောင်း ပြောင်းလဲရေးကို ထိုနှစ် တစ်နှစ်တာလုံးလုပ်ငန်းများ၏ ပင်မတာဝန်တစ်ရပ်အဖြစ် အတည်ပြုခဲ့ကြောင်း၊ APEC ဆန်းကျန့်အစည်းအဝေးသည် အာရှ-ပစိဖိတ် အသိုက်အဝန်း၏ အယူအဆကို လက်တွေ့ကျင့်သုံးနိုင်သော စနစ်မူဘောင်အဖြစ် ပြောင်းလဲနိုင်ရန် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Vitaly Mankevich က ယခုအခါ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒတို့ ဦးမော့လာရာ နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အခြေခံအုတ်မြစ်ကို တိုက်စားလျက်ရှိကြောင်း၊ ဤနောက်ခံအခြေအနေတွင် "မုန်တိုင်းထန်လေ တစ်လှေတည်းစီး၍အန္တရာယ်များကို ဖြတ်ကျော်ရန် ပိုမိုလိုအပ်လေ" ဟု တရုတ်နိုင်ငံက အလေးထားပြောဆိုမှုသည် အလွန်အားကောင်း၍ လက်တွေ့အဓိပ္ပာယ်ရှိကြောင်း၊ "မည်သည့် စီးပွားရေးအစုအဖွဲ့ကမျှ စနစ်၏အန္တရာယ်ကို တစ်ဦးကောင်းတစ်ယောက်ကောင်း ရင်ဆိုင်ဖြေရှင်းနိုင်မည်မဟုတ်" ကြောင်း၊  APEC အဖွဲ့ဝင်များသည် တိကျသော လက်တွေ့ဆောင်ရွက်ချက်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်သောပေါင်းစည်းမှုများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  စီးပွားရေးလောကသည် အချို့သောနယ်ပယ်များတွင် "အတားအဆီးမဲ့လမ်းကြောင်း" ကို တည်ဆောက်ကာ အစီအမံအသစ်များထုတ်ပြန်၍ ကြီးကြပ်ရေးအဖွဲ့များနှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

Vitaly Mankevich က APEC သည် စနစ်ပိုင်းဆိုင်ရာဆန်းသစ်တီထွင်မှုအတွက် အတိုင်းအတာတစ်ခုအထိ "စမ်းသပ်ကွင်း" ဖြစ်လာပြီဖြစ်သည်ဟု ယူဆထားသည်။ ဥပမာအားဖြင့် APEC ၏ စီးပွားရေးလုပ်ငန်းသုံးခရီးသွားကတ်ကဲ့သို့သော စီမံဆောင်ရွက်မှုများသည် လုပ်ငန်းကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချပေးနိုင်သည်။ "ဆန်းကျန့်မြို့မှာဆိုရင် ကတ်ကိုင်ဆောင်ထားသူတွေဟာ ပြည်ဝင်ပြည်ထွက်လုပ်ငန်းစဉ်တွေမြန်မြန်ဆန်ဆန်ပြီးအောင် သူတို့အတွက်သီးသန့်ဦးစားပေးအမြန်လမ်းကြောင်းကို အသုံးပြုနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။ ထိုကဲ့သို့သော စနစ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို ပြန့်ပွားအောင် ဆောင်ရွက်၍ ဒစ်ဂျစ်တယ်ကုန်သွယ်မှု၊ အစိမ်းရောင်စံနှုန်း၊ ကျွမ်းကျင်အရည်အချင်းများ အပြန်အလှန် အသိအမှတ်ပြုမှု စသည့် နယ်ပယ်များတွင် ပိုမိုအဆင်ပြေလွယ်ကူစေမည့် အစီအမံများကို ထုတ်ပြန်သင့်ကြောင်း ၎င်းက အကြံပြုခဲ့သည်။

Vitaly Mankevich က တရုတ်နိုင်ငံသည် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုတုံ့ပြန်ရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးစသည့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် သူမတူသောအခန်းကဏ္ဍမှ ရပ်တည်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ယခုနှစ် မေ ၁ ရက်မှစ၍ အာဖရိကတွင် သံတမန်ဆက်ဆံရေးတည်ထောင်ထားသော နိုင်ငံ ၅၃ နိုင်ငံအတွက် အကောက်ခွန်သုညအစီအမံကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှုနည်းသော အစိမ်းရောင်အသွင်ကူးပြောင်းမှုကို တက်ကြွစွာ တွန်းအားပေး၍  ကမ္ဘာကြီးအတွက်အစိမ်းရောင်နည်းပညာနှင့် ထုတ်ကုန်များကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ထိုနယ်ပယ်များတွင် အတွေ့အကြုံ ကြွယ်ဝသည့်စံနမူနာကောင်းဖြစ်သဖြင့် ယင်းက တရုတ်နိုင်ငံအနေနှင့် APEC တွင် အဓိကကျသည့်အခန်းကဏ္ဍမှရပ်တည်နိုင်ရန် အရေးကြီးသည့်အခြေခံအုတ်မြစ်ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။

Vitaly Mankevich က APEC ဆန်းကျန့်အစည်းအဝေးသည် APEC ဟူသော သင်္ဘောကြီး ရှေ့သို့မှန်မှန်ရွက်လွှင့်နေသည်ကို အားကောင်းစွာ သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ "APEC ဆန်းကျန့် အစည်းအဝေးဟာ မလွဲမသွေ အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အစည်းအဝေးရလဒ်တွေကို အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အဆိုပြုချက်နဲ့ ဆောင်ရွက်ချက် အစီအမံတွေကို အားပေးထောက်ခံလိုပါတယ်" ဟု ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး သီတင်းပတ် မီဒီယာစင်တာအတွင်း၌ “အာရှ-ပစိဖိတ်ရွက်လွှင့်လှေ” အလှဆင်ထားမှုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး သီတင်းပတ် မီဒီယာစင်တာအတွင်း၌ “အာရှ-ပစိဖိတ်ရွက်လွှင့်လှေ” အလှဆင်ထားမှုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

聚焦APEC|俄亚工企联主席:中国为建设亚太共同体注入强劲动能

新华社莫斯科11月16日电(记者刘恺)亚太经合组织(APEC)第三十三次领导人非正式会议即将在中国深圳举行。俄罗斯-亚洲工业家和企业家联盟主席维塔利·曼克维奇日前在接受新华社记者专访时表示,中国已三次担任APEC东道主,在亚太合作中的角色从参与者逐步转变为引领者,不断推动区域合作走深走实,为建设亚太共同体注入强劲动能。  

曼克维奇多年来从事对华商贸合作。他说,作为2026年东道主,中方将全年工作的中心明确为把建设亚太共同体从目标转为行动,从蓝图走向现实。相信APEC深圳会议将有助于把亚太共同体理念转化为切实可行的制度框架。  

曼克维奇说,当前,保护主义和单边主义抬头,侵蚀多边贸易体制根基,在此背景下,中方强调“越是风高浪急,越要同舟共济”具有极强的现实意义。“没有任何一个经济体能够独自应对系统性风险”,APEC各方应通过具体务实的举措推动更广泛融合,工商界应在特定领域建立“无障碍通道”,推出新举措,并与监管机构保持密切沟通。  

曼克维奇认为,APEC在一定程度上已成为制度创新的“实验场”。比如,APEC商务旅行卡等安排切实降低了企业交易成本,“在深圳,持卡人员可使用专用优先通道,快速完成出入境手续”。他建议,应推广此类制度创新,在数字贸易、绿色标准、专业资格互认等领域推出更多便利举措。  

曼克维奇说,中国在维护多边贸易体制、应对气候变化、保障能源和粮食安全等全球性议题方面发挥着独特作用。中国自今年5月1日起对53个非洲建交国全面实施零关税举措。中国积极推动绿色低碳转型,并向世界提供绿色技术与产品。中国在这些领域作出表率,也积累很多经验,这正是中国在APEC中发挥关键作用的重要基础。  

曼克维奇表示,相信APEC深圳会议必将有力证明,APEC这艘大船正稳健前行。“APEC深圳会议必将成功举办,我们将密切关注会议成果,并愿支持中方提出的各项倡议和举措。”(完)

图说1:这是11月15日在深圳香蜜湖路拍摄的APEC标识。新华社记者 邓华 摄

图说2:这是2026年亚太经合组织领导人会议周新闻中心内的《亚太风帆》装置(11月11日摄)。新华社记者 梁旭 摄