တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့တွင် BMW Brilliance Automotive (BBA) က ထုတ်လုပ်သည့် အစီးရေ ၇ သန်းမြောက် မော်တော်ယာဉ် စက်ရုံမှထွက်ရှိခြင်း ဂုဏ်ပြုအခမ်းအနားတစ်ခု ပြုလုပ်သည်ကို ၂၀၂၆ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့တွင် BMW Brilliance Automotive (BBA) က ထုတ်လုပ်သည့် အစီးရေ ၇ သန်းမြောက် မော်တော်ယာဉ် စက်ရုံမှထွက်ရှိခြင်း ဂုဏ်ပြုအခမ်းအနားတစ်ခု ပြုလုပ်သည်ကို ၂၀၂၆ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန်ရန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့ရှိ BMW စက်ရုံတွင် တရုတ်နိုင်ငံပြည်တွင်း၌ ၎င်းတို့၏ ပထမဆုံးထုတ်လုပ်သည့် Neue Klasse အမျိုးအစား လျှပ်စစ်ကားမော်ဒယ်မျိုးဆက်သစ် iX3 ကားများကို နိုဝင်ဘာ ၁၆ ရက်က စတင်၍ အမြောက်အမြား စတင်ထုတ်လုပ်နေပြီဖြစ်သည်။

ယခုလုပ်ဆောင်မှုသည် BMW ၏ တရုတ်နိုင်ငံတွင်း ထုတ်လုပ်မှုတိုးမြှင့်ရေး မဟာဗျူဟာတွင် နောက်ထပ် ခြေလှမ်းတစ်ရပ်အဖြစ် ဖော်ပြနေသည်။

BMW AG ၏ ထုတ်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဘုတ်အဖွဲ့ဝင် Raymond Wittmann က လာမည့်လများအတွင်း BMW က မော်ဒယ်အသစ်များ ထပ်မံထုတ်လုပ်သွားမည်ဖြစ်ပြီး တရုတ်ဝယ်ယူသူများအတွက် ရွေးချယ်စရာ ထုတ်ကုန်မော်ဒယ်များ ပိုမိုတိုးချဲ့သွားမည်ဟု ပြောကြားခဲ့သည်။

ကုမ္ပဏီ၏အစီအစဉ်များအရ Neue Klasse နည်းပညာပါဝင်သော မော်ဒယ်အသစ်နှင့် အဆင့်မြှင့်တင်ထားသော မော်ဒယ်ပေါင်း ၂၀ နီးပါး  ၂၀၂၇ ခုနှစ်တွင် တရုတ်ဈေးကွက်အတွင်း ရောက်ရှိလာမည် ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ ရောင်းချသည့် ကားစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းကျော်ကို ပြည်တွင်း၌ပင် ထုတ်လုပ်သွားနိုင်ရန် BMW က ရည်မှန်းထားသည်။

ထို့အပြင် ကုမ္ပဏီသည် စိန်ရန်စက်ရုံမှထုတ်လုပ်သော ကားမော်ဒယ်များကို အရှေ့တောင်အာရှအပါအဝင် နိုင်ငံရပ်ခြားဈေးကွက်များသို့ တိုးချဲ့တင်ပို့ရန်လည်း သုံးသပ်လျက်ရှိသည်။

အရည်အသွေးထိန်းချုပ်မှု ပိုမိုကောင်းမွန်စေရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ပိုမိုပွင့်လင်းမြင်သာပြီး ခြေရာခံနိုင်စေရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာတို့ကို ထုတ်လုပ်ရေးတွင် ပေါင်းစပ်ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း စိန်ရန်ရှိ BMW ၏ ဖက်စပ်လုပ်ငန်း BMW Brilliance ၏ နည်းပညာနှင့် ထုတ်လုပ်မှုဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ Michele Melchiorre က ပြောကြားခဲ့သည်။

စိန်ရန်စက်ရုံ၏ သတ္တုပုံဖော်အလုပ်ရုံတွင် ဉာဏ်ရည်တုနည်းပညာသုံး စစ်ဆေးရေးစနစ်သည် ကားအစိတ်အပိုင်းများ၏ မျက်နှာပြင်များကို တစ်စက္ကန့်လျှင် ၃၅ ပုံနှုန်းဖြင့် ရိုက်ကူးနိုင်သည်။ ၎င်းစနစ်သည် ပုံရိပ်တစ်ခုကို အနည်းဆုံး ၀.၀၁ စက္ကန့်အတွင်း ခွဲခြမ်းစိတ်ဖြာနိုင်ပြီး သာမန်မျက်စိဖြင့် မြင်နိုင်ရန်ခက်ခဲသော မျက်နှာပြင်ချို့ယွင်းချက်များကို ရှာဖွေဖော်ထုတ်နိုင်သည်။

စိန်ရန်စက်ရုံသည် BMW ၏ ကမ္ဘာတစ်ဝန်း အကြီးဆုံးထုတ်လုပ်ရေးအခြေစိုက်စခန်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ BMW သည် အဆိုပါနေရာတွင် ယွမ် ၁၂၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံထားပြီး ယခုနှစ် မေလက အစီးရေ ၇ သန်းမြောက် မော်တော်ယာဉ်ကို ထုတ်လုပ်ရေးလိုင်းမှ ထုတ်လုပ်နိုင်ခဲ့သည်။

အဆိုပါကားကုမ္ပဏီသည် တရုတ်နိုင်ငံတွင် မော်တော်ယာဉ်နှင့် မောင်းနှင်အားစနစ်ထုတ်လုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ထောက်ပံ့ရေးကွင်းဆက်များ အပါအဝင် ဒေသတွင်းအခြေပြု စက်မှုလုပ်ငန်းစနစ်တစ်ရပ်ကို တည်ထောင်ထားပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ဆဋ္ဌမမျိုးဆက် eDrive လျှပ်စစ်စွမ်းအင်သုံး မောင်းနှင်အားစနစ်နည်းပညာကိုလည်း တရုတ်နိုင်ငံ၌ အကြီးစားထုတ်လုပ်မှုအဆင့်သို့ ဦးတည်လုပ်ဆောင်နေပြီ ဖြစ်သည်။ (Xinhua)

…………….

(English Version)

BMW begins mass production of Neue Klasse model in China

SHENYANG, Nov. 16 (Xinhua) -- BMW on Monday started mass production of the new-generation iX3, its first locally produced all-electric Neue Klasse model, at its Shenyang plant in China's northeastern Liaoning Province.

The move marks a further step in BMW's localization strategy.

Raymond Wittmann, member of the Board of Management of BMW AG, Production, said BMW will bring more models into production in the coming months, further expanding its product lineup for Chinese customers.

Under the company's plans, nearly 20 new and updated models featuring Neue Klasse technology will arrive in the Chinese market by 2027. By 2030, BMW aims to raise the share of locally produced vehicles sold in China to more than 95 percent.

The company is also evaluating the expansion of exports of China-produced models from Shenyang to overseas markets, including Southeast Asia.

Digitalization and artificial intelligence (AI) are being integrated into production to improve quality control and make manufacturing more transparent and traceable, said Michele Melchiorre, senior vice president of technology and manufacturing at BMW Brilliance, BMW's joint venture in Shenyang.

In the stamping workshop in Shenyang, an AI-powered inspection system monitors the surfaces of vehicle components, capturing 35 images per second. It can analyze an image in as little as 0.01 seconds and detect surface deviations that are difficult to identify with the human eye.

Shenyang is BMW's largest production base worldwide. Since 2010, the German carmaker has invested more than 120 billion yuan (about 17.9 billion U.S. dollars) there, and the seven-millionth vehicle rolled off the line in May of this year.

The automaker has established a localized industrial ecosystem in China covering vehicle and powertrain manufacturing, research and development, and supply chains. Its sixth-generation eDrive electric powertrain technology, meanwhile, is moving toward large-scale production in China.

Photo caption: This photo taken on May 28, 2026 shows a ceremony marking the roll-off of the 7 millionth vehicle produced by BMW Brilliance Automotive (BBA) in Shenyang, northeast China's Liaoning Province. (Xinhua/Pan Yulong)