မြန်မာနိုင်ငံ နေပြည်တော်တွင် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံ နေပြည်တော်တွင် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

လူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှုကို အလေးထား၍ ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက်  အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို မြန်မာနိုင်ငံ နေပြည်တော်တွင် နိုဝင်ဘာ ၁၀ ရက်၌ ကျင်းပခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာ The Global New Light of Myanmar အရ သိရသည်။

ယင်းအစည်းအဝေး၌ ASEAN-PAC ၏ ၂၂ ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အာဆီယံဒေသတွင်း ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ခိုင်မာအားကောင်းမှု၏ အရေးပါပုံကို အလေးထားပြောကြားခဲ့သည်။

ထို့ပြင် “လူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်၍ အဂတိကင်းစင်သော အနာဂတ်ကို တည်ဆောက်ကြပါစို့” ဟူသော ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ပြောကြားလျက် အဂတိကင်းစင်၍ ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် လူငယ်များ၏ ပါဝင်မှုက ပိုမိုကြီးမားသော အင်အားတစ်ရပ်ဖြစ်ကြောင်းလည်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ ကိုယ်စားလှယ်များကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။ (Xinhua)  

……………………

(English Version)

22nd ASEAN-PAC meeting held in Myanmar

YANGON, Nov. 11 (Xinhua) -- The 22nd Principals Meeting of the ASEAN Parties Against Corruption (ASEAN-PAC) was held in Nay Pyi Taw, Myanmar, on Tuesday to advance regional anti-corruption cooperation, with a focus on youth engagement, the state-owned daily The Global New Light of Myanmar reported on Wednesday.

At the meeting, U Soe Thein, chairman of Myanmar's Anti-Corruption Commission, who assumed the rotating chairmanship for the 22nd ASEAN-PAC meeting, highlighted the importance of strengthening regional cooperation in promoting integrity and combating corruption.

Emphasizing the meeting's theme, "Promoting Youth Integrity for a Corruption-Free Future," he called for greater youth participation in building a society that rejects corruption and promotes integrity.

Representatives from Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand, Timor-Leste and Vietnam shared their respective countries' anti-corruption activities and initiatives.