မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ သတ်မှတ်ချက်အတိုင်း ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိခွင့်ကာလကို ရက် ၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုဝင်ဘာ ၁၀ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ငွေပေးချေခြင်းများ ဆောင်ရွက်ရာတွင် လုံလောက်သည့်အချိန်ရရှိရန်၊ ပို့ကုန်၊ သွင်းကုန်အတွက် နိုင်ငံခြားငွေလုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ယင်းကဲ့သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင်သုံးစွဲနိုင်မည့် ပမာဏကို ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိနိုင်သည့် ရက် ၃၀ အစား ၄၅ ရက်အထိ တိုးမြှင့်ခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်လုပ်ငန်းရှင်များအား ပို့ကုန်ရငွေများကို ပုဂ္ဂလိက နိုင်ငံခြားငွေစာရင်းတွင် ရက် ၃၀ ထားရှိခွင့်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၆ ရက် ရက်စွဲဖြင့် သတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………

(English Version)

Myanmar extends export earnings repatriation period from 30 to 45 days

YANGON, Nov. 10 (Xinhua) -- The Central Bank of Myanmar has extended the permitted retention period for export earnings from 30 days to 45 days to promote the development of the trade sector, the state-owned daily The Global New Light of Myanmar reported on Tuesday.

The move aims to provide exporters with more time to facilitate foreign currency transactions for export and import activities, the report said.

The Central Bank of Myanmar has therefore approved the extension of the permitted retention period from 30 days to 45 days for the portion of export earnings that exporters are allowed to use at their discretion, the report added.

Under its previous notification dated Aug. 16, 2022, the Central Bank of Myanmar allowed exporters to retain their export earnings in private foreign currency accounts for 30 days.

Photo caption: This photo taken on July 10, 2026 shows a view of a port in Yangon, Myanmar. (Xinhua/Myo Kyaw Soe)