ရွှေဘို၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာတစ်နိုင်ငံလုံးအနှံ့ စျေးကွက်များသို့ ပို့ဆောင်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ထွက် ရွှေဘိုပေါ်ဆန်းစပါးမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ကြောင်း တောင်သူအချို့ထံမှ သိရသည်။
"ရွှေဘိုပေါ်ဆန်းကိုအကြိုက်ဆုံးပေါ့။ စျေးကလည်း အမြင့်ဆုံးပေါ့။ မြန်မာနိုင်ငံမှာ ရွှေဘိုပေါ်ဆန်းက စျေးအမြင့်ဆုံးပဲ။ ပေါ်ဆန်းစားတဲ့သူမှန်သမျှ အများစုက ရွှေဘိုပေါ်ဆန်းကိုကြိုက်ကြပါတယ်။ ဘာလို့ကြိုက်တာလဲဆိုတော့ ဆန်သားနုတာရယ်။ အနံ့မွှေးတာရယ်ကြောင့် ရွှေဘိုပေါ်ဆန်းကိုပိုကြိုက်ကြတာပါ” ဟု မုံရွာဆန်ပွဲရုံပိုင်ရှင် တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်လျှင် တစ်ရာသီ တစ်ကြိမ်သာစိုက်ပျိုးသည့် ရွှေဘိုပေါ်ဆန်းစပါးဟာ တန်ဆောင်မုန်းလမှာ ပေါ်ဆန်းစပါးအသစ်ပေါ်မည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ရွှေဘိုပေါ်ဆန်းစပါးစိုက်ခင်းများနှင့် ရွှေဘိုပေါ်ဆန်းဆန်များ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ဖြစ်ပါသည်။ (Xinhua)








