
ဒပ်ဗလင်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတဟောင်း ဘိုင်ဒန်သည် နိုဝင်ဘာ ၁၀ ရက်တွင် အိုင်ယာလန်နိုင်ငံ မြို့တော်ဒပ်ဗလင်၌ အခမ်းအနားတစ်ခု တက်ရောက်စဉ်တွင် ပါလက်စတိုင်းအား ထောက်ခံသော ဆန္ဒပြသူအချို့၏ နွားနို့ဘူး စသည့်ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရကြောင်း RTE စသည့် မီဒီယာများ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။
ဘိုင်ဒန်သည် နိုဝင်ဘာ ၁၀ ရက်တွင် ဒပ်ဗလင် Trinity ကောလိပ်သို့ သွားရောက်လည်ပတ်ပြီး ၎င်း၏သားဖြစ်သူ ဟန်တာဘိုင်ဒန်၏ ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အချင်းဖြစ်ပွားရာနေရာ ဗီဒီယိုမြင်ကွင်းအရ ဘိုင်ဒန်နှင့် ၎င်း၏မိသားစုဝင်များက ခန်းမအတွင်းမှ ထွက်ခွာလာချိန်တွင် ဆန္ဒပြသူအချို့က “ခင်ဗျားလက်မှာ သွေးတွေပေကျံနေတယ်” စသည့် ဆောင်ပုဒ်များ ကျယ်လောင်စွာအော်ဟစ်ပြီး ၎င်းထံသို့ နွားနို့ဘူး စသည့်ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ရာ နွားနို့များ ဖိတ်စင်ခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းများက ထီးဖြင့် ကာကွယ်ပေးခဲ့ပြီး အိုင်ယာလန်ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားရာနေရာတွင် ဆန္ဒပြသူ နှစ်ဦးထက်မနည်းအား ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
---------------------
(Chinese Version)
美前总统拜登在爱尔兰遭抗议者扔牛奶盒
新华社都柏林11月11日电 据爱尔兰广播电视台等媒体10日报道,美国前总统拜登当天在爱尔兰首都都柏林出席一场活动时,遭部分支持巴勒斯坦的抗议者扔掷牛奶盒等物品。
报道说,拜登10日到访都柏林圣三一大学,出席其子亨特·拜登获奖仪式。现场视频画面显示,当拜登及其家人离开会场时,部分抗议者高呼“你手上沾着血”等口号,并向其扔掷牛奶盒等物品,有牛奶溅出。安保人员撑伞进行防护,爱尔兰警方现场逮捕了至少两名抗议者。(完)
图说:这是2024年5月13日在美国华盛顿白宫拍摄的时任美国总统拜登。新华社发(亚伦摄)








