တရုတ်နိုင်ငံ ဆန်းကျန့်မြို့ မြို့ပြရှုခင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့ မြို့ပြရှုခင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး သီတင်းပတ် မီဒီယာစင်တာအား နိုဝင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ စတင်ဖွင့်လှစ် အသုံးပြုခဲ့သည်။

၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ APEC “တရုတ်နှစ်” ၏ နောက်ဆုံးအကြိမ် အဆင့်မြင့်အရာရှိ အစည်းအဝေး၊ APEC စီးပွားရေးအကြံပေးကောင်စီ (ABAC) အစည်းအဝေး၊ APEC စက်မှုစီးပွားရေး ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (APEC CEO Summit) စသည့် တွဲဖက်လှုပ်ရှားမှု အခမ်းအနားများကိုလည်း ၂၀၂၆ ခုနှစ် APEC ခေါင်းဆောင်များအစည်းအဝေး သီတင်းပတ်အတွင်း ဆက်တိုက်ကျင်းပသွားမည်ဖြစ်သည်။

APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး သီတင်းပတ် မီဒီယာစင်တာကို ဆန်းကျန့်ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ဖူထျန်) အမှတ် ၂ ခန်းမ၌ ဖွင့်လှစ်ထားပြီး ဧရိယာမှာ စတုရန်းမီတာ ၁၅,၀၀၀ ခန့်ရှိသည်။ စင်တာတွင် မီဒီယာလုပ်ငန်းဇုန်၊ နည်းပညာပံ့ပိုးရေးဇုန်၊ သတင်းထုတ်ပြန်ရေးဇုန်၊ “သတင်းထောက်အိမ်ရာ” ဝန်ဆောင်မှုဇုန်၊ လက်ဖက်ရည်ကြမ်းသောက် အနားယူမှုဇုန် စသည့် လုပ်ဆောင်ချက်ဇုန်များ ခွဲခြားထားရာ သတင်းတင်ဆက်မှုတွင် ပါဝင်မည့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ သတင်းထောက်များအတွက် အစည်းအဝေး အချက်အလက်၊ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အများပြည်သူအချက်ပြမှု၊ သတင်းထုတ်ပြန်မှု၊ စမတ်သတင်းတည်းဖြတ်တင်ဆက်မှု စသည့်ဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ထို့ပြင် မီဒီယာစင်တာ၌ ဒစ်ဂျစ်တယ်တင်ဆင်မှု “အာရှ-ပစိဖိတ် ခရီးနှင်ရွက်လွှင့်မှု” လည်း ထားရှိထားရာ အာရှ-ပစိဖိတ် စီးပွားရေးအစုအဖွဲ့ အသီးသီးက တစ်လှေတည်းစီး တစ်ခရီးတည်းသွားခြင်း၊ အင်အားစုစည်းကာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရွက်လွှင့်၍ ခရီးနှင်ခြင်း ဟူသည့် အဓိပ္ပာယ်ရှိပြီး ယခုအကြိမ် APEC အခမ်းအနား၏ “အာရှ-ပစိတ်အသိုက်အဝန်း တည်ဆောက်၍ ဘုံသာယာဝပြောမှု မြှင့်တင်ခြင်း” ခေါင်းစဉ်နှင့် ကိုက်ညီလျက်ရှိကြောင်း သိရသည်။

အစည်းအဝေးသီတင်းပတ်ကာလအတွင်း မီဒီယာစင်တာသည် မြို့ပြလေ့လာရေးခရီးစဉ် များစွာလည်း စီစဉ်သွားမည်ဖြစ်ရာ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ သတင်းထောက်များအနေဖြင့် ဆန်းကျန့်မြို့၏ မတူညီသော နေရာများသို့ သွားရောက်ကာ ဆန်းကျန့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု ရှင်သန်စွမ်းအားကို ကိုယ်တိုင်ခံစားပြီး တရုတ်ပုံစံ ခေတ်မီမှု၏ သက်ဝင်လှုပ်ရှားသော မြင်ကွင်းများကို အနီးကပ်တွေ့မြင်နိုင်မည်ဖြစ်သည်။ (Xinhua)

---------------------

(Chinese Version)

2026年APEC领导人会议周新闻中心启用

新华社深圳11月11日电(记者熊嘉艺)11日,2026年亚太经合组织(APEC)领导人会议周新闻中心在深圳启用。  

11月18日至19日,亚太经合组织第三十三次领导人非正式会议将在深圳举行。APEC“中国年”最后一次高官会、APEC工商咨询理事会会议、APEC工商领导人峰会等配套活动,也将于2026年亚太经合组织领导人会议周期间陆续召开。  

APEC领导人会议周新闻中心设置在深圳会展中心(福田)2号馆,面积约1.5万平方米,设有媒体工作区、技术支持区、新闻发布区、“记者之家”服务区、休憩茶歇区等功能区,将为参加报道的近5000名中外记者提供会议资讯、广播电视公共信号、新闻发布、智能采编等服务。  

记者了解到,新闻中心还设置有数字装置“亚太风帆”,寓意亚太各经济体同舟共济、聚力合作、扬帆远航,呼应了本次APEC盛会“建设亚太共同体,促进共同繁荣”的主题。  

会议周期间,新闻中心还将组织多场城市参访活动,让中外记者走进深圳不同场景,实地感受深圳的发展活力,近距离见证中国式现代化的生动图景。(完)

图说:这是2026年10月17日拍摄的深圳城市景观。新华社记者 梁旭 摄