ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ စူပါမားကတ်တစ်ခု၌ စျေးဝယ်နေသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ စူပါမားကတ်တစ်ခု၌ စျေးဝယ်နေသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဥရောပနိုင်ငံအတော်များများကို ထိခိုက်စေခဲ့သည့် မကြာသေးမီကဆိုက်ဘာတိုက်ခိုက်မှုများအပြီး အီတလီနိုင်ငံသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှု၊ သတင်းအချက်အလက်မျှဝေမှုနှင့် နည်းစနစ်ပိုင်းကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီတလီပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါဆောင်ရွက်ချက်များကို ပြည်ထဲရေးဝန်ကြီး Matteo Piantedosi ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အများပြည်သူစည်းစနစ်ကျရေးနှင့် လုံခြုံရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးတက်ရောက်သူများသည် အီတလီနိုင်ငံ၏ စနစ်များကြံ့ခိုင်မှု၊ ဝန်ဆောင်မှုများအနှောင့်အယှက်မရှိဆက်လက်လည်ပတ်နိုင်မှုနှင့် မကြာသေးမီကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့်နည်းလမ်းများကို စစ်ဆေးသုံးသပ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေစဉ်အတွင်း အဆိုပါဖြစ်စဉ်များ၏နောက်ကွယ်၌ တူညီသည့်ရည်ရွယ်ချက်တစ်ခုရှိကြောင်း ကော်မတီက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ယင်းမှာ မတည်ငြိမ်မှုများဖြစ်ပေါ်စေရန်၊ နောက်ပိုင်းတွင်အခြေအမြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့သည့် စိုးရိမ်ထိတ်လန့်မှုများပျံ့နှံ့စေရန်နှင့် ပစ်မှတ်ထားခံရသည့်အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေရန်တို့ ဖြစ်သည်။

အစည်းအဝေးတွင် ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုများကို အကဲဖြတ်ဆန်းစစ်ခဲ့ပြီး အစိုးရဌာနများ၊ အရေးကြီးသောအခြေခံအဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက် နောက်ထပ်ဆောင်ရွက်ရမည့်အစီအမံများကို စဉ်းစားသုံးသပ်ခဲ့ကြသည်။

သဘောတူညီခဲ့သည့်လုပ်ငန်းစဉ်များတွင် ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့များနှင့် ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းများအကြား လက်ရှိဆောင်ရွက်နေသည့် ထောက်လှမ်းရေးနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုနီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်သူများနှင့် သတင်းအချက်အလက်ပိုမိုမျှဝေရန်၊ နည်းပညာစနစ်များကာကွယ်နိုင်စွမ်းနှင့် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း မြှင့်တင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်တို့ ပါဝင်သည်။ (Xinhua)

…………….

(English Version)

Italy to strengthen cybersecurity after attacks across Europe

ROME, Nov. 10 (Xinhua) -- Italy will strengthen cybersecurity coordination, information sharing and investment in system protection following recent cyberattacks affecting several European countries, the Italian Interior Ministry said Tuesday.

The steps were agreed at a meeting of the National Committee for Public Order and Security, chaired by Interior Minister Matteo Piantedosi.

Participants examined the resilience of Italy's systems, continuity of services and methods used in the recent attacks, according to a ministry statement.

As investigations continued, the committee identified a common intent behind the examined incidents: to cause instability and spread alarms that later proved unfounded, and damage the reputation of targeted institutions.

The meeting also assessed cybersecurity threats and considered further measures to protect public administrations, critical infrastructure, businesses and citizens.

Agreed steps included closer coordination of ongoing intelligence and investigative work among police, intelligence services and cybersecurity bodies, greater information sharing with public and private operators, and investment to strengthen system protection and response capabilities.

Photo caption: A citizen visits a supermarket in Stockholm, Sweden, on Jan. 16, 2024.  (Xinhua/Fu Yiming)