ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ Maracana အားကစားကွင်းတွင် ကျင်းပသည့် Copa Libertadores ဆီမီးဖိုင်နယ် ဘောလုံးပြိုင်ပွဲ ပထမအကျော့၌ ဖလူမင်နိစ်အသင်းမှ ဂျူလီယန်မီလန်(ရှေ့ဘယ်) နှင့် ပါလ်မီးရပ်စ်အသင်းမှ ဂျွန်အာရီယက်စ် တို့ ဘောလုံးယှဉ်ပြိုင်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ Maracana အားကစားကွင်းတွင် ကျင်းပသည့် Copa Libertadores ဆီမီးဖိုင်နယ် ဘောလုံးပြိုင်ပွဲ ပထမအကျော့၌ ဖလူမင်နိစ်အသင်းမှ ဂျူလီယန်မီလန်(ရှေ့ဘယ်) နှင့် ပါလ်မီးရပ်စ်အသင်းမှ ဂျွန်အာရီယက်စ် တို့ ဘောလုံးယှဉ်ပြိုင်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ပါလ်မီးရပ်စ်အသင်းသည် ဂျွန်အာရီယက်စ် နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီးနောက် ရီမိုအသင်းကို နိုဝင်ဘာ ၅ ရက်တွင် ၆-၁ ဂိုးဖြင့်အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ရရှိခဲ့ကာ ဘရာဇီးစီးရီးအေ ချန်ပီယံဆုမျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

ကိုလံဘီယာလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အာရီယက်စ်သည် ပွဲစတင်ပြီး၁၅ မိနစ်အတွင်း နှစ်ဂိုးသွင်းယူခဲ့ကာ မော်ရီစီယိုကလည်း လျင်မြန်သော တန်ပြန်တိုက်စစ်မှတစ်ဆင့် ဦးဆောင်မှုကို ထပ်မံတိုးမြှင့်ခဲ့သည်။

ထို့နောက် ရီမိုအသင်းမှမာစီလင်ဟိုက ဘောလုံးကိုမိမိဂိုးပေါက်အတွင်း မတော်တဆသွင်းမိခဲ့သောကြောင့် ပါလ်မီးရပ်စ်အသင်းအတွက် စတုတ္ထမြောက်ဂိုး လက်ဆောင်ရရှိခဲ့သည်။ သို့သော် ပထမပိုင်းပြီးဆုံးခါနီးတွင် ဇဲဝယ်လစ်ဆင်က ရီမိုအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဟိုဆေးမန်နျူရယ်လိုပက်ဇ်နှင့် လာဇီယိုအသင်းတောင်ပံကစားသမားဟောင်း ဖီလစ်ပီအန်ဒါဆင်တို့က ဂိုးများ ထပ်မံသွင်းယူခဲ့ကြသဖြင့် ပါလ်မီးရပ်စ်အသင်းသည် ယခုရာသီ၏ ၂၁ ပွဲမြောက် အနိုင်ပွဲကို သက်သောင့်သက်သာ ရယူနိုင်ခဲ့သည်။

“တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ဂိုးသွင်းနိုင်စွမ်းရှိပေမဲ့ အခွင့်အရေးတွေကို ထိရောက်စွာ အသုံးချနိုင်မှု အားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး” ဟု ပါလ်မီးရပ်စ်အသင်းနည်းပြ အာဘဲဖယ်ရဲရားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အခုဆိုရင်ကျွန်တော်တို့ ရာသီကုန်ခါနီးအရေးကြီးတဲ့နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ၊ ပြိုင်ပွဲတော်တော်များများမှာလည်း ချန်ပီယံဆုအတွက် မျှော်လင့်ချက် ဆက်လက်ရှင်သန်နေဆဲဖြစ်တဲ့အတွက် အလွန်ကောင်းမွန်တဲ့အနေအထားတစ်ခုပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အသင်း ၂၀ ပါဝင်သည့် အမှတ်ပေးဇယားတွင် ပါလ်မီးရပ်စ်အသင်းသည် ၇၃ မှတ်ဖြင့် ဒုတိယနေရာ၌ရပ်တည်နေပြီး ရာသီကုန်ရန်ပွဲစဉ်လေးပွဲသာ ကျန်ရှိချိန်တွင် ထိပ်ဆုံးမှ ဖလာမင်ဂိုအသင်းထက် သုံးမှတ်လျော့နည်းနေသည်။ ရီမိုအသင်းမှာ ၂၉ မှတ်ဖြင့် အမှတ်ပေးဇယား၏အောက်ဆုံးမှ ဒုတိယနေရာတွင် ရောက်ရှိနေသည်။ (Xinhua)

…………….

(English Version)

Arias nets brace as Palmeiras hits Remo for six

SAO PAULO, Nov. 5 (Xinhua) -- Jhon Arias scored twice as Palmeiras kept its Brazilian Serie A title hopes alive on Thursday by romping to a 6-1 home victory over Remo.

Colombia international playmaker Arias struck twice in the opening 15 minutes and Mauricio extended the lead following a swift counterattack.

Palmeiras was gifted a fourth goal when Marcelinho inadvertently turned the ball into his own net before Ze Welison pulled one back on the stroke of halftime.

Argentina international striker Jose Manuel Lopez and former Lazio winger Felipe Anderson added second-half goals as Palmeiras cruised to their 21st win of the campaign.

"Sometimes we've been efficient but lacked effectiveness, however that wasn't the case today," Palmeiras manager Abel Ferreira told a post-match news conference.

"We're now in the home stretch and still alive in several competitions, which is a very good position to be in," he added.

Palmeiras is second in the 20-team standings with 73 points, three behind Flamengo with four matchdays remaining in the season. Remo is second-last with 29 points.

Photo caption: Julian Millan (front L) of Fluminense vies with Jhon Arias of Palmeiras during the first leg of the Copa Libertadores semifinal football match between Brazil's Fluminense and Palmeiras at the Maracana stadium in Rio de Janeiro, Brazil, Oct. 14, 2026. (Photo by Daniel Ramalho/Xinhua)