
ဒါကာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ် (ထိုင်ပေ) မှ ချန်မင်ရှင်း နှင့် စင်ကာပူမှ Loy Ming Ying တို့သည် နိုဝင်ဘာ ၅ တွင်ပြုလုပ်မည့် လူငယ်အိုလံပစ်ပြိုင်ပွဲ၏ စားပွဲတင်တင်းနစ် အမျိုးသမီးတစ်ဦးချင်း ရွှေတံဆိပ်လုပွဲ၌ တွေ့ဆုံယှဉ်ပြိုင်ရမည် ဖြစ်သည်။
အသက်အရွယ်အပိုင်းအခြားအလိုက် ကမ္ဘာ့အဆင့် ၅ ရရှိထားသူ အသက် ၁၇ နှစ်အရွယ် ချန် သည် တည်တည်ငြိမ်ငြိမ်ရှိပြီး ကောင်းမွန်သော စွမ်းရည်ဖြင့် ဂျပန်နိုင်ငံမှ Miku Matsushima ကို ၄-၀ (၁၂-၁၀၊ ၁၁-၆၊ ၁၁-၅၊ ၁၁-၆) ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
အသက် ၁၃ နှစ်သာရှိသေးသည့် Miku သည် အမျိုးသားကမ္ဘာ့အဆင့် ၁ စားပွဲတင်တင်းနစ်ကစားသမား Sora Matsushima ၏ညီမဖြစ်ပြီး အသက် ၁၅ နှစ်အောက် နှင့် အသက် ၁၇ နှစ်အောက် နှစ်ခုလုံး၏ ကမ္ဘာ့အဆင့် ၁ နေရာ၌ ဦးဆောင်နေသူဖြစ်သလို အသက် ၁၉ နှစ်အောက် တွင်လည်း ဒုတိယနေရာ ရရှိထားသူ ဖြစ်သည်။
အခြားဆီမီးဖိုင်နယ်ပွဲစဉ်တွင် စင်ကာပူမှ Loy Ming Ying က တရုတ်နိုင်ငံဟောင်ကောင်မှ ကမ္ဘာ့အဆင့် ၂ စူးကျီထုန် ကို ၄-၂ ဖြင့် (၅-၁၁၊ ၁၁-၆၊ ၁၁-၉၊ ၇-၁၁၊ ၁၁-၈၊ ၁၁-၉) အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သည်။
ယခုအခြေအနေသည် တရုတ်နိုင်ငံ၏ လူငယ်အိုလံပစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရလဒ်တစ်ရပ် မှတ်တမ်းဖြစ်စေခဲ့ရာ လီဟယ်ချန် နှင့် ရောင်ရွေ့ရွှမ်း တို့နှစ်ဦးစလုံးသည် သီးခြားစီယှဉ်ပြိုင်သည့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများမှ ထွက်ခွာခဲ့ရသလို အမျိုးသား-အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများတွင်လည်း စောစီးစွာ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ (Xinhua)
…………….
(English Version)
Chen, Loy to battle for table tennis gold at Youth Olympics
DAKAR, Nov. 5 (Xinhua) -- Chinese Taipei's Chen Min-hsin and Singapore's Loy Ming Ying will vie for the women's table tennis singles gold medal at the Youth Olympic Games on Thursday.
The 17-year-old Chen, ranked fifth in her age group in the world, delivered a solid and composed performance to sweep past Japan's Miku Matsushima 4-0 (12-10, 11-6, 11-5, 11-6).
Despite being just 13, Miku, the younger sister of men's world No. 1 Sora Matsushima, leads the world rankings in both the U15 and U17 categories and sits second in the U19 rankings.
In the other semifinal, Singapore's Loy Ming Ying stunned world No. 2 Su Tsz Tung from Hong Kong, China, 4-2 (5-11, 11-6, 11-9, 7-11, 11-8, 11-9).
In what marks China's worst-ever performance in Youth Olympic table tennis, Li Hechen and Yao Ruixuan have both been eliminated from their respective singles events after earlier exits in the mixed doubles.
Photo caption: Chen Minhsin of Chinese Taipei serves during the women's singles round of 16 match of table tennis against Yao Ruixuan of China at the Dakar 2026 Youth Olympic Games in Diamniadio, Senegal, Nov. 3, 2026. (Xinhua/Sun Fei)








