အီတလီနိုင်ငံမီလန်မြို့တွင်ကစားခဲ့သည့် အေစီမီလန်နှင့် ဖီရန်ဗားရို့စ်TC အသင်းတို့၏ ၂၀၂၆-၂၇ ရာသီ ယူအီးအက်ဖ်အေယူရိုပါလိဂ်ပွဲတွင် ဂိုးသွင်းပြီးနောက် ကစားဖော်များနှင့် အောင်ပွဲခံနေသည့် ဖီရန်ဗားရို့စ်TC အသင်းမှ လန်နီဂျိုးဆပ် (ယာမှဒုတိယ)ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံမီလန်မြို့တွင်ကစားခဲ့သည့် အေစီမီလန်နှင့် ဖီရန်ဗားရို့စ်TC အသင်းတို့၏ ၂၀၂၆-၂၇ ရာသီ ယူအီးအက်ဖ်အေယူရိုပါလိဂ်ပွဲတွင် ဂိုးသွင်းပြီးနောက် ကစားဖော်များနှင့် အောင်ပွဲခံနေသည့် ဖီရန်ဗားရို့စ်TC အသင်းမှ လန်နီဂျိုးဆပ် (ယာမှဒုတိယ)ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၅ ရက်ညကကစားခဲ့သည့် ယူအီးအက်ဖ်အေယူရိုပါလိဂ်ပွဲတွင် မာဆေးလ်အသင်းက လေဗာကူဆင်အသင်းကို အဝေးကွင်းတွင်  အာမီနီဂူရီ၏ ဒုတိယပိုင်းသွင်းဂိုးကြောင့် ၁-၀ ဂိုးဖြင့်အနိုင်ရကာ ဂျာမန်ကလပ်အသင်း၏ ယူရိုပါလိဂ် လိဂ်အဆင့်တွင် ရာသီအစ ရာနှုန်းပြည့်တာထွက်ကောင်းမွန်နေမှုကို အဆုံးသတ်သွားစေခဲ့သည်။

ဘေးအရီနာတွင်ကစားခဲ့သည့်အဆိုပါပွဲတွင် ဧည့်သည်မာဆေးလ်အသင်းကပွဲအစ တာထွက်ကောင်းခဲ့သည်။ ပွဲချိန်အစောပိုင်းတွင် အဝေးဘောပေးပို့မှုကို ဂူရီကပယ်နယ်တီစည်းအတွင်း၌ထိန်းသိမ်းကာ ၎င်းကိုလူကပ်ကစားထားမှုအားဖြတ်ကျော်ပြီး ဂိုးရရန်ကြိုးစားခဲ့မှုမှာ ဂိုးသမား မာ့ခ်ဖလက်ကန်၏ကာကွယ်မှုကြောင့်သာ ဂိုးမရခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် ၂ သင်းစလုံးတည်ငြိမ်သည့်တိုက်စစ်ဖိအားပေးနိုင်မှုကိုတည်ဆောက်နိုင်ခြင်းမရှိခဲ့သလို လေဗာကူဆင်ကလည်း ရှင်းလင်းပြတ်သားသည့်အခွင့်အရေးများ ဖန်တီးနိုင်ခဲ့မှုမရှိဘဲ ပထမပိုင်းပြီးဆုံးခဲ့ခြင်းဖြစ်သည်။

အိမ်ရှင်အသင်းအတွက် ဂိုးရနိုင်သည့်အနီးစပ်ဆုံးအခွင့်အလမ်းမှာ ပွဲချိန် ၄၂ မိနစ်ရောက်မှရောက်ရှိလာခဲ့ပြီး မီဂွယ်ဂူတီယာရက်ဇ်၏ဂိုးရရန်ကြိုးစားမှုမှာ လမ်းကြောင်းပြောင်းကာ ဂိုးဘားတန်းထိသွားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ပထမပိုင်းမပြီးခင် ဂျာရယ်ကွမ်ဆက်ရှ်၏ ကန်သွင်းမှုကလည်း ဂိုးပေါက်နှင့်ကပ်လွဲသွားခဲ့သည်။

ဒုတိယပိုင်းတွင် လေဗာကူဆင်က တိုက်စစ်ပိုမိုကစားလာနိုင်ခဲ့သော်လည်း ပွဲချိန် ၅၄ မိနစ်တွင် ပတ်ထရစ်ရှစ်ခ်၏ ဂိုးရရန်ကြိုးစားခဲ့မှုက ဘားတန်းကျော်သွားခဲ့သည်။

မားဆေးလ်ကလည်း အီဂေါပိုင်ဇို၏အနီးကပ်ကန်သွင်းချက်ဖြင့်တုံ့ပြန်နိုင်ခဲ့သလို ၎င်း၏ကန်သွင်းချက်က ဂိုးပေါက်နှင့်ကပ်လွဲသွားခဲ့ကာ ဂူရီ၏ဂိုးရရန်ကြိုးစားမှုကိုလည်း ဖလက်ကန်ကနောက်တစ်ကြိမ်ထပ်မံကာကွယ်နိုင်ခဲ့သည်။ ထို့အတူ ဂျော်ဖရီကွန်ဒေါ့ဘီယာ၏ အဝေးမှမကြာခဏကန်သွင်းချက်များကလည်း ဂိုးပေါက်နှင့်အနည်းငယ်လွဲချော်နေခဲ့သည်။

ပွဲချိန်၇၇မိနစ်တွင်မူ ကွင်းလယ်စည်းအနားတွင် လေဗာကူဆင်အသင်း ဘောလုံးဆုံးရှုံးသွားရာမှ အဆုံးအဖြတ်အခိုက်အတန့်ရောက်ရှိလာခဲ့သည်။

ဂူရီကနေရာလွတ်ရှာဖွေပြီးနောက် စည်းအတွင်း၌ လေဗာကူဆင်မှအက်ဒ်မွန်တော့ပ်ဆိုဘာကိုဖြတ်ကျော်ကာ တိကျစွာဝှေ့ဝိုက်ကန်သွင်းခဲ့သည့်ဘောလုံးမှာ ဂိုးသမားဖလက်ကန်ကိုကျော်ဖြတ်ပြီးအဝေးတိုင်ထောင့်ထဲသို့ဝင်သွားပြီး ဂိုးရသွားခဲ့ခြင်းဖြစ်သည်။

လေဗာကူဆင်ကလည်း ချက်ချင်းဆိုသလို ချေပဂိုးရရန်နီးစပ်ခဲ့သည်။ သို့ရာတွင် ထောင့်ကန်ဘောမှတစ်ဆင့် တော့ပ်ဆိုဘာ၏ခေါင်းတိုက်ချက်မှာဂိုးပေါက်နှင့်ကပ်လွဲသွားခဲ့သည်။ အိမ်ရှင်အသင်းကတည်ကန်ဘောများစွာမှတစ်ဆင့် ဆက်လက်ဖိအားပေးနိုင်ခဲ့သော်လည်း ချေပဂိုးကိုမူသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။

အဆိုပါရှုံးပွဲကြောင့် လေဗာကူဆင်မှာ ရမှတ် ၉ မှတ်ဖြင့် အဆင့် ၇ သို့ရောက်ရှိသွားခဲ့ပြီး မာဆေးလ်ကမူ ယူရိုပါလိဂ်တွင် ပထမဆုံးနိုင်ပွဲရရှိကာ ရမှတ် ၃ မှတ်ဖြင့် အဆင့် ၃၁ နေရာသို့ ခုန်တက်လာခဲ့သည်။

အခြားသောပွဲစဥ်များတွင်မူ ဘင်ဖီကာအသင်းက လက်ချ်ပေါ့ဇန်ကို ၃-၁ ဂိုးဖြင့်အနိုင်ရကာ အမှတ်ပေးဇယားတွင်ထိပ်ဆုံးမှ ရပ်တည်နိုင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို ၄ ပွဲကစားပြီးချိန် ရာနှုန်းပြည့်အနိုင်ရမှုကိုလည်းဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

ဘုန်းမောက်အသင်းက စပါတာပရပ်အသင်းကို ၃-၁ ဂိုးဖြင့်အနိုင်ရကာ ဒုတိယနေရာတွင်ဆက်လက်ရပ်တည်နေပြီး တတိယနေရာမှ ဖီရန်ဗားရို့စ်အသင်းကမူ အေစီမီလန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သည်။

စိန့်ဂီလွိုင်ဆီအသင်းကဆဲလ်တာဗီဂိုအသင်းကို အဝေးကွင်းတွင် ၂-၁ ဂိုးဖြင့်အနိုင်ရကာ စတုတ္ထနေရာသို့ရောက်ရှိလာပြီး ဂျုဗင်တပ်အသင်းကမူ AZ အယ်ကမာကို ၂-၁ ဂိုးဖြင့်အနိုင်ရပြီး ပဉ္စမနေရာသို့တက်လှမ်းလာခဲ့သည်။

အန်ဒါလက်ချ်ကဆဲလ်ဘတ်ကို ၂-၀ ဂိုး၊ GNK ဒိုင်နမိုကဆန်းဒါးလန်းကိုအဝေးကွင်း၌ ၂-၀ ဂိုး၊ NECနိုင်မင်ဂန်ကအိုမိုနီးယားကို ၃-၁ ဂိုးများဖြင့် အသီးသီးအနိုင်ရခဲ့ကြသည်။

ဆဲလ်တစ်ကဘက်ဆစ်တပ်ခ်ကို ၃-၂ ဂိုးဖြင့်အနိုင်ရဖြတ်ကျော်နိုင်ခဲ့သလို ဆဲလ်ဂျီးကလည်း စတွန်းဂရက်ဇ်ကွင်းတွင် ၃-၂ ဂိုးဖြင့်အနိုင်ရခဲ့ကာ ဗစ်တိုးရီးယားပဲလ်ဇန်ကလည်း လီလီစထရွန်းကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

လက်ဗ်စကီးဆိုဖီယာအသင်းက ဂျာဂျီရယ်လိုနီးယာကို ၁-၀ ဂိုး၊ OFI ခရီတီကဟာပိုးလ်ဘီယာရှီဗာကို ၂-၀ ဂိုးတို့ဖြင့်အနိုင်ရခဲ့သလို တော်ရန်ဆီအသင်းက အာရာရတ်အာမေးနီးယားအသင်းကို နောက်ကလိုက်ကစားပြီး ၃-၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ရီးရဲလ်ဆိုဆီဒက်နှင့် လိုင်ယွန်တို့၏ပွဲစဥ်ကမူ ခရစ္စတယ်ပဲလေ့စ်နှင့်ဟော့ဖန်ဟိမ်းတို့၏ပွဲကဲ့သို့ပင် ၁-၁ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ (Xinhua)

အီတလီနိုင်ငံမီလန်မြို့တွင်ကစားခဲ့သည့် အေစီမီလန်နှင့် ဖီရန်ဗားရို့စ်TC အသင်းတို့၏ ၂၀၂၆-၂၇ ရာသီ ယူအီးအက်ဖ်အေယူရိုပါလိဂ်ပွဲတွင် အေစီမီလန်မှယူနွတ်မူဆက်(ဝဲ)နှင့် ဖီရန်ဗားရို့စ်TCမှ အက်တီလာအော့စ်ဗတ်သ်တို့၏ ယှဥ်ပြိုင်ကစားမှုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
အီတလီနိုင်ငံမီလန်မြို့တွင်ကစားခဲ့သည့် အေစီမီလန်နှင့် ဖီရန်ဗားရို့စ်TC အသင်းတို့၏ ၂၀၂၆-၂၇ ရာသီ ယူအီးအက်ဖ်အေယူရိုပါလိဂ်ပွဲတွင် အေစီမီလန်မှယူနွတ်မူဆက်(ဝဲ)နှင့် ဖီရန်ဗားရို့စ်TCမှ အက်တီလာအော့စ်ဗတ်သ်တို့၏ ယှဥ်ပြိုင်ကစားမှုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

….……………………………………….

(English version)

Marseille ends Leverkusen's unbeaten run as Benfica stays top in Europa League

BERLIN, Nov. 5 (Xinhua) -- Amine Gouiri struck in the second half as Olympique Marseille secured a 1-0 away victory over Bayer Leverkusen in the UEFA Europa League on Thursday, ending the German side's perfect start to the league phase.

The visitors made the brighter start at the BayArena. Gouiri squandered an early opportunity after controlling a long pass inside the penalty area and escaping his marker, only to be denied by goalkeeper Mark Flekken.

Neither side established sustained attacking pressure as the first half progressed, with Leverkusen gradually gaining territory without creating clear chances.

The hosts came closest to breaking the deadlock in the 42nd minute when Miguel Gutierrez's deflected effort struck the crossbar. Jarell Quansah then fired narrowly wide before halftime.

Leverkusen resumed with greater attacking intent, but Patrik Schick sent an effort well over the bar in the 54th minute.

Marseille responded through Igor Paixao, whose long-range attempt narrowly missed the target, before Flekken again denied Gouiri. Geoffrey Kondogbia subsequently fired just wide from distance.

The decisive moment arrived in the 77th minute when Leverkusen lost possession near the halfway line.

Gouiri advanced into space, cut inside Edmond Tapsoba and curled a precise shot into the far corner beyond Flekken.

Leverkusen nearly equalized immediately, but Tapsoba headed narrowly wide from a corner. The hosts continued to press through several set pieces but could not find an equalizer.

The defeat left Leverkusen seventh with nine points, while Marseille climbed to 31st with three points after recording its first victory.

Elsewhere, Benfica maintained its position at the top of the standings with a 3-1 victory over Lech Poznan, extending its perfect record to four matches. Bournemouth remained second after beating Sparta Prague 3-1, while third-placed Ferencvaros defeated AC Milan 2-0.

Union Saint-Gilloise moved into fourth following a 2-1 win at Celta Vigo, while Juventus climbed to fifth after beating AZ Alkmaar 2-1.

Anderlecht beat Salzburg 2-0, GNK Dinamo won 2-0 at Sunderland and NEC Nijmegen defeated Omonia 3-1.

Celtic edged Besiktas 3-2, Celje won 3-2 at Sturm Graz and Viktoria Plzen secured a 1-0 victory at Lillestrom.

Levski Sofia beat Jagiellonia 1-0, OFI Crete defeated Hapoel Beer-Sheva 2-0 and Torreense overcame Ararat-Armenia 3-2. Real Sociedad and Lyon drew 1-1, as did Crystal Palace and Hoffenheim. ■

Photo caption 1: Ferencvarosi TC's Lenny Joseph (2nd R) celebrates his goal with teammates during the UEFA Europa League 2026/27 League Phase match between AC Milan and Ferencvarosi TC in Milan, Italy, Nov. 5, 2026. (Photo by Alberto Lingria/Xinhua)

Photo caption 2: AC Milan's Yunus Musah (L) vies with Ferencvarosi TC's Attila Osvath during the UEFA Europa League 2026/27 League Phase match between AC Milan and Ferencvarosi TC in Milan, Italy, Nov. 5, 2026. (Photo by Alberto Lingria/Xinhua)