အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က အမေရိကန် ဒုတိယသမ္မတ JD Vance ကို နိုဝင်ဘာ ၅ ရက်က ပြန်လည်တုံ့ပြန်ရာတွင် ဆိုခဲ့သည်။ အမေရိကန်သည် “လောင်းကစားပွဲမှာ ဆက်တိုက်ရှုံးနေပေမဲ့ လောင်းကစားဝိုင်းကနေ ထမသွားနိုင်တဲ့ လောင်းကစားသမားတစ်ယောက်” နှင့် တူသည်ဟု ပြောကြားသည်။

ဂါလီဘတ်ဖ်သည် အီရန်နှင့် အမေရိကန်အကြား စေ့စပ်ညှိနှိုင်းရေးတွင် အီရန်ဘက်၏ အဓိကကိုယ်စားလှယ် ဖြစ်သည်။ ၎င်းက “အမေရိကန်က အစ္စရေးဖန်တီးထားတဲ့ ချောက်ကမ်းပါးအနီးမှာ ရပ်နေချိန် ခင်ဗျားရဲ့သူဌေးကတော့ နောက်တစ်ဆင့် စစ်ပွဲအတွက် ပြင်ဆင်နေတယ်။ ဘာလို့ ဒီစကားတွေကို ခင်ဗျားရဲ့သူဌေးကို မပြောပြတာလဲ” ဟူ၍ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Vance သည် နိုဝင်ဘာ ၄ ရက်က လူမှုကွန်ရက်တွင်  ပို့စ်အရှည်တစ်ပုဒ် ရေးသားခဲ့ပြီး သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ရှုံးနိမ့်ရသည့် အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာကာ အီရန်စစ်ပွဲသည် အခြေခံအကြောင်းရင်း ဖြစ်သည်ဟု တိုက်ရိုက်ပြောဆိုသည်။ ထို့အပြင် အမေရိကန်နှင့် အစ္စရေးအကြား ဆက်ဆံရေးကို ပြောင်းလဲရန် ၎င်းက အဆိုပြုခဲ့သည်။ Vance သည် ဤအချိန်အခါတွင် ပို့စ်တင်ခြင်းသည် အမေရိကန်သမ္မတ ထရမ့်နှင့် အဆက်ဖြတ်ကာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း အမေရိကန် မီဒီယာများက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ (Xinhua)

.............................

(Chinese Version)

伊朗议长回应万斯:美国就像赌徒

新华社德黑兰11月5日电(记者刁慧琳 沙达提)伊朗伊斯兰议会议长卡利巴夫5日回应美国副总统万斯说,美国就像“一个不断输掉赌局,却已经无法离开赌桌的赌徒”。  

卡利巴夫是伊朗同美国谈判的首席代表。他在社交媒体上写道:“美国正站在以色列造成的悬崖边缘,而你的老板正在准备下一阶段的战争……你为什么不把这些话告诉你的老板?”

万斯4日在社交媒体上发表长文,剖析共和党在中期选举中失利的原因,直言伊朗战事是根源所在,并提出改变美国与以色列的关系。美国媒体解读,万斯在此节点上发文显然是与美国总统特朗普做切割,开始为参加2028年总统竞选布局。(完)

图说:2025年12月2日,伊朗议长卡利巴夫在德黑兰出席新闻发布会。新华社记者沙达提摄