ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အအုံကို ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အအုံကို ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံရှိ ဂျပန်ကုမ္ပဏီလုပ်ငန်း၏ ပိုင်ဆိုင်မှုများကို ရုရှားဘက်က ယာယီလွှဲပြောင်းရယူမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပရေးရာဗျူရို ညွှန်ကြားရေးမှူးချုပ် Hitoshi Nakamura က နိုဝင်ဘာ ၆ ရက်တွင် ဂျပန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Nikolai Nozdrev ထံ ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် ရုရှားဘက်အား တောင်းဆိုခဲ့သည်ဟု ဂျပန်နိုင်ငံ Kyodo သတင်းဌာန၏ ယင်းနေ့သတင်းအရ  သိရသည်။

ဂျပန် တိုဘာကို ကုမ္ပဏီ (JT) က လက်ရှိအခြေအနေနှင့် နောင်တွင် လုပ်ဆောင်နိုင်ဖွယ်ရှိသော တုံ့ပြန်ဆောင်ရွက်မှုများအပေါ် သေချာစွာ စိစစ်သုံးသပ်လျက်ရှိကြောင်း နိုဝင်ဘာလ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု အခြား ဂျပန်အသံလွှင့်ကော်ပိုရေးရှင်း (NHK) ၏ သတင်းအရ သိရသည်။

ရုရှားသမ္မတ ပူတင်သည် နိုဝင်ဘာ ၅ ရက်တွင် သမ္မတအမိန့်ကြေညာစာတစ်စောင် လက်မှတ်ရေးထိုးကာ ရုရှားနိုင်ငံရှိ JT ၏ ပိုင်ဆိုင်မှုများကို ယာယီလွှဲပြောင်းရယူခဲ့ကြောင်း ရုရှားမီဒီယာများ၏ ယင်းနေ့ သတင်းအရ သိရသည်။ သမ္မတအမိန့်ကြေညာစာအရ JT ၏ ရုရှားနိုင်ငံအတွင်း ထုတ်လုပ်မှုလုပ်ငန်းနှင့် သက်ဆိုင်သော အစုရှယ်ယာများကို ရုရှားဘက်က ယာယီလွှဲပြောင်းရယူထားပြီး ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

JT ထုတ်ပြန်သည့် အချက်အလက်များအရ ၎င်း လက်အောက်ရှိ ဂျပန် တိုဘာကို အင်တာနေရှင်နယ် ကုမ္ပဏီ (Japan Tobacco International, JTI) သည် ၁၉၉၉ ခုနှစ်မှစ၍ ရုရှားတွင် လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် ရုရှားတွင် ထုတ်လုပ်ရေးအခြေစိုက်စခန်း ၄ ခု ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အဆိုပါကုမ္ပဏီသည် ရုရှား ဆေးရွက်ကြီးစျေးကွက်တွင် ၃၇ ရာခိုင်နှုန်းခန့် နေရာယူထားကြောင်း သိရသည်။ (Xinhua)

………………………..

(Chinese Version)

日本抗议俄临时接管日企在俄资产

新华社东京11月6日电(记者李子越 陈泽安)据日本共同社6日报道,围绕俄方临时接管日企在俄资产一事,日本外务省欧洲局局长中村仁威当天向俄罗斯驻日本大使诺兹德廖夫提出抗议,要求俄方撤销该决定。  

另据日本广播协会报道,日本烟草公司6日表示,正对当前形势及今后可能采取的应对措施进行审慎评估。  

据俄罗斯媒体5日报道,俄罗斯总统普京当天签署总统令,临时接管日本烟草公司在俄资产。报道称,根据总统令,日本烟草公司在俄境内生产业务所涉及的股权已被俄方临时接管。  

日本烟草公司公布的资料显示,旗下日本烟草国际公司1999年起在俄罗斯开展业务,目前在俄拥有4个生产基地,2025年该公司在俄罗斯烟草市场的占有率约为37%。(完)

图说:这是5月16日在俄罗斯首都莫斯科拍摄的俄罗斯外交部大楼。新华社记者冯开华摄