ဩစတြီးယားနိုင်ငံ Zotter ချောကလက် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Julia Zotter (ဝဲဘက်) နှင့် Zotter တရုတ်ဒေသ တာဝန်ခံ ဖောင်းရိမင် (ယာဘက်) က ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပြသမည့် ချောကလက်ထုတ်ကုန်အသစ်များ ပြသနေစဉ် (ဆင်ဟွာ)
ဩစတြီးယားနိုင်ငံ Zotter ချောကလက် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Julia Zotter (ဝဲဘက်) နှင့် Zotter တရုတ်ဒေသ တာဝန်ခံ ဖောင်းရိမင် (ယာဘက်) က ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပြသမည့် ချောကလက်ထုတ်ကုန်အသစ်များ ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဩစတြီးယားနိုင်ငံ Steiermark ပြည်နယ်ရှိ Bergl မြို့လေးသည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ကီလိုမီတာပေါင်း ၈,၀၀၀ ကျော် ကွာဝေးသော်လည်း အဆိုပါမြို့နှစ်မြို့တွင် ချွတ်စွပ်နီးပါး တူညီသော ချောကလက်ပြဇာတ်ရုံ တစ်ရုံစီ ပိုင်ဆိုင်ထားသည်။ ယင်းမှာ ဩစတြီးယား Zotter ချောကလက်ကုမ္ပဏီမှ ဖွင့်လှစ်ထားသော လေ့လာကြည့်ရှုခြင်း၊ လက်တွေ့ပြုလုပ်ခြင်း၊ ရုပ်ရှင်ပြသခြင်း တို့ကို တစ်သားတည်း ပေါင်းစည်းထားသည့် ချောကလက်အကြောင်း လက်တွေ့ခံစားနိုင်သော ဆိုင်တစ်ဆိုင်ပင် ဖြစ်သည်။

၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မှစ၍ Zotter ကုမ္ပဏီသည် CIIE ပြပွဲ အကြိမ်တိုင်းတွင် ပါဝင်ပြသခဲ့သည်။ ၉ ကြိမ်မြောက် CIIE ပြပွဲတွင် “မပျက်တမ်း ပြပွဲတွင် ပါဝင်သူ” Zotter ကုမ္ပဏီက စတုရန်းမီတာ ၈၀၀ ရှိသည့်ပြခန်းတွင် ထုတ်ကုန်အမျိုးအစား ၂၀၀ ကျော် ပြသထားပြီး ၎င်းအနက် ပထမဆုံးအကြိမ် မိတ်ဆက်ပြသသည့် စီးရီးအသစ်နှင့် ရာသီ သီးသန့်ထုတ်ကုန် အမျိုးအစား ၅၀ ကျော်လည်း ပါဝင်သည်။

Zotter ချောကလက် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Julia Zotter က CIIE ပြပွဲဟူသည့် ပြတင်းပေါက်မှတစ်ဆင့် ၎င်းသည် တရုတ်နိုင်ငံ၏ ပြည်ပသို့ တံခါးဖွင့်လှစ်သော မူဝါဒနှင့် ကောင်းမွန်သော စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင်ကို ခံစားရကြောင်း၊ ယင်းကြောင့်လည်း Zotter ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်မှုမှာ ပိုမိုလွယ်ကူစေခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆင်ပြေလွယ်ကူသည့် ဈေးကွက်သို့ ဝင်ရောက်မှု၊ ထိရောက်မှုမြင့်မားသော လုပ်ငန်းစဉ်များနှင့် တရုတ်စားသုံးသူများ၏ သွင်းကုန် ကုန်ပစ္စည်းများအပေါ် တံခါးဖွင့်လှစ်ထားသည့် သဘောထားကြောင့် Zotter ကုမ္ပဏီသည် များစွာအကျိုးခံစားခဲ့ရပြီး တစ်ချိန်တည်းတွင် တရုတ်နိုင်ငံစီးပွားရေး၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် တည်ငြိမ်မှုသည်လည်း ၎င်းက ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်အလားအလာအပေါ် ယုံကြည်မှုရှိလာကြောင်း Julia Zotter က ဆိုခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

镜头连中外| 进博“全勤生”——奥地利巧克力公司的中国缘

新华社照片,北京,2026年11月6日

奥地利施泰尔马克州小城贝格尔与中国上海虽然相距8000多公里,但这两座城市都拥有一座几乎相同的巧克力剧院——由奥地利珍得巧克力公司开设的集参观品尝、制作体验、观影展示于一体的巧克力主题体验店。

从2018年首届进博会起,珍得参加了历届进博会。在第九届进博会上,“全勤生”珍得在800平方米的展台上展示200多种产品,其中包括首发的50多款全新系列和季节限定产品。珍得首席执行官尤利娅·措特表示,透过进博会这个窗口,她感受到中国对外开放政策和良好的营商环境,这也让珍得的产品进入中国市场变得更容易。便捷的市场准入、高效的流程和中国消费者对进口产品的开放态度让珍得受益很多,同时中国经济的韧性和稳定性也让她对发展前景有信心。

图说1:拼版照片:奥地利珍得巧克力公司首席执行官尤利娅·措特(左,新华社记者 贺灿铃 摄)和珍得中国区负责人方一敏(右,新华社记者 方喆 摄)展示珍得在第九届进博会上推出的巧克力新品。 新华社发

图说2:这是11月5日在上海拍摄的第九届进博会上的珍得巧克力公司展台。 新华社记者 方喆 摄