
ဝယ်လင်တန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
၁၃ ကြိမ်မြောက် တရုတ်ရုပ်ရှင်ပွဲတော်၏အဖွင့် ပွဲဦးထွက်ပြသခြင်းကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းက နယူးဇီလန်နိုင်ငံ မြို့တော် ဝယ်လင်တန်တွင် ကျင်းပခဲ့ပြီး ပွဲတော်ကာလအတွင်း တရုတ်ရုပ်ရှင်ကား အများအပြားကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဖွင့် ပွဲဦးထွက်အနေဖြင့် "Traces of Justice" ရုပ်ရှင်ကားကို ပြသခဲ့ပြီး ရုပ်ရှင်ဖန်တီးသူအဖွဲ့နှင့် ပရိသတ်များအကြား စိတ်ဝင်စားဖွယ် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။
နယူးဇီလန် အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Greg O'Connor က "ရဲအရာရှိတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကို ကျွန်တော် အထူးပဲ ကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးသမား မဖြစ်လာခင်တုန်းက ကျွန်တော်ဟာ ဝယ်လင်တန်နဲ့ နယူးဇီလန်နိုင်ငံတစ်ဝန်းမှာ ရဲအရာရှိတစ်ဦးအဖြစ် နှစ်ပေါင်း ၄၀ ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးလို့ပါပဲ" ဟု ပွဲဦးထွက်ရုပ်ရှင်ပြပွဲတွင် ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့တွင်လည်း နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ဖွင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်ပွဲဦးထွက်ပြသခြင်းကို ကျင်းပခဲ့သည်။ "Once Upon a Time in the Middle East"၊ "Dear You" ၊ "Pegasus 3" ၊ "All Wishes Come True" နှင့် "Blades of the Guardians: Wind Rises in the Desert" ဟူသော ရုပ်ရှင်ကား ၅ ကားကို နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ပွဲတော်ကာလအတွင်း အော့ကလန်နှင့် ဝယ်လင်တန်မြို့များရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက်တည်း ပြသသွားမည်ဖြစ်သည်။
တရုတ်ရုပ်ရှင်ပွဲတော်နှင့် နယူးဇီလန်ရုပ်ရှင်ပွဲတော်တို့ကို နှစ်နိုင်ငံ၌ အလှည့်ကျ ကျင်းပလေ့ရှိသည်။ ယခု ၁၃ ကြိမ်မြောက် တရုတ်ရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံ ရုပ်ရှင်စီမံခန့်ခွဲရေးဌာန၊ နယူးဇီလန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် အော့ကလန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English version)
13th China Film Festival opens in New Zealand
WELLINGTON, Nov. 4 (Xinhua) -- The 13th China Film Festival held its premiere in the New Zealand capital on Tuesday evening, with several Chinese films set to be screened during the festival.
"Traces of Justice" was presented at the premiere, followed by an engaging interaction between the creative team and the audience.
"I'm particularly pleased that the film is about a police officer, because I spent 40 years as a police officer in Wellington and around New Zealand before I became a politician," Greg O'Connor, assistant speaker of New Zealand House of Representatives, said at the premiere.
The opening and premiere ceremony in Auckland, New Zealand's largest city, was held on Monday evening. Five films, namely "Once Upon a Time in the Middle East," "Dear You," "Pegasus 3," "All Wishes Come True" and "Blades of the Guardians: Wind Rises in the Desert," will land at cinemas simultaneously in Auckland and Wellington on Nov. 6-8 during the festival.
The China Film Festival and the New Zealand Film Festival have been held alternately in the two countries. The 13th China Film Festival is organized jointly by the China Film Administration, the Chinese Embassy in New Zealand and the Chinese Consulate General in Auckland.
Photo vaption: People pose for group photos during the premiere of Chinese film "Dear You" in Auckland, New Zealand, June 24, 2026. (Xinhua/Long Lei)








