စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က ဗီလာရီးရဲလ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ဗီလာရီးရဲလ်အသင်းမှ အဲလက်စ် ဖရီးမန်း (ရှေ့) နှင့် ပီအက်စ်ဂျီအသင်းမှ ဗီတင်ညာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က ဗီလာရီးရဲလ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ဗီလာရီးရဲလ်အသင်းမှ အဲလက်စ် ဖရီးမန်း (ရှေ့) နှင့် ပီအက်စ်ဂျီအသင်းမှ ဗီတင်ညာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ပီအက်စ်ဂျီအသင်းက ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းတွင် ၆ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ပထမပိုင်းပွဲကစားချိန် ၁၇ မိနစ်အတွင်းမှာပင် ၄ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ စံချိန်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပြီး ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းမှာ ယခုအနိုင်ရလဒ်ကြောင့် လေးပွဲဆက်အနိုင်ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံး၌ အခိုင်အမာ ရပ်တည်လျက်ရှိသည်။

ပွဲချိန် ၉ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် သွင်းယူခဲ့သည့် ယာအို နဲဗက်စ်၏ သွင်းဂိုးဖြင့် နည်းပြ လူးဝစ်စ် အန်နရီကေး၏အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။

၃ မိနစ်အကြာတွင် ဗီလာရီးရဲလ်ဂိုးသမား ပီတာ ဂူလက်စီ ရှင်းထုတ်လိုက်သော ဘောလုံးမှာ မက်ဂ်နက်စ် အက်ကလီယူချီနှင့်ထိ၍ ပီအက်စ်ဂျီအသင်း ဘောလုံးပြန်လည်ရရှိသွားပြီး နောက်ထပ်အခွင့်အရေးကောင်းတစ်ခု ဖန်တီးနိုင်ခဲ့ကာ ဒီဆရဲ ဒူယေက ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။

ပွဲချိန် ၁၃ မိနစ်တွင် ဗီလာရီးရဲလ်ဂိုးဧရိယာအနီး၌ ဘောလုံးပြန်လည်လုယူနိုင်ပြီးနောက် နဲဗက်စ်၏ ကန်ချက်ကို ပြိုင်ဘက်ကစားသမားများ ပိတ်ဆို့ကာကွယ်ရာမှ ပြန်လျှံထွက်လာစဉ် ဆန်နီ မေယူလူက အလျင်အမြန်ပိတ်သွင်း၍ ၃-၀ ဂိုး ဖြစ်စေခဲ့သည်။

ထို့နောက် ၄ မိနစ်အကြာတွင် ပြိုင်ဘက်အသင်း ဂိုးပေါက်အနီး၌ ဘောလုံးပြန်လည်လုယူနိုင်ခဲ့ရာမှတစ်ဆင့် ပီအက်စ်ဂျီအသင်း တိုက်စစ်ပြန်လည်စတင်လာစဉ် အက်ကလီယူချီ၏ ဖန်တီးပေးမှုကို ဖေဘီယန်ရုဇ်က အဆုံးသတ်ကာ စတုတ္ထဂိုးသွင်းယူခဲ့သည်။

ထို့နောက် ပီအက်စ်ဂျီက ပထမပိုင်း လက်ကျန်ပွဲကစားချိန်များတွင်လည်း ပွဲကိုဆက်လက်စိုးမိုးထားနိုင်ခဲ့ပြီး ရုဇ်နှင့် ဒူယေတို့က ဂိုးပေါက်ခြိမ်းခြောက်မှုများ ထပ်မံပြုလုပ်နိုင်ခဲ့ကာ အိမ်ရှင်ဗီလာရီးရဲလ်အတွက်မူ အာယိုဇီ ပီရက်ဇ်က ပထမပိုင်းပြီးခါနီးတွင် ရှားရှားပါးပါး အခွင့်အရေးကောင်းတစ်ခု ရရှိခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း ဧည့်သည် ပီအက်စ်ဂျီအသင်းကသာ ပွဲကိုဆက်လက်စိုးမိုးထားပြီး ပွဲချိန် ၅၀ မိနစ်တွင် ခပ်လှမ်းလှမ်း၌ ရရှိခဲ့သည့် ဖရီးကစ်မှတစ်ဆင့် ရုဇ်က ဂိုးသမားဂူလက်စီ၏ ခြေထောက်ကြားမှ ကန်သွင်းကာ ယခုပွဲစဉ်၌ ၎င်း၏ဒုတိယဂိုးကို သွင်းယူခဲ့သည်။

ဗီလာရီးရဲလ်အသင်းမှ ပါပေ ဂေယီနှင့် ဂျော့ဂျ် မီကောတက်ဇ်တို့ ဂိုးရရှိရန်ကြိုးပမ်းခဲ့သော်လည်း ပီအက်စ်ဂျီဂိုးသမား မက်ဗီ ဆာဖိုနော့ဗ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့သည့် အသက် ၁၇ နှစ်အရွယ် ဒေးဗစ် ဘိုလီက ပွဲချိန် ၇၈ မိနစ်တွင် ၎င်း၏ ပထမဆုံးချန်ပီယံလိဂ် သွင်းဂိုးကို သွင်းယူကာ ဂိုးပြတ်အနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့သည်။

ပီအက်စ်ဂျီအသင်းက ၄ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေပြီး ဗီလာရီးရဲလ်အသင်းကမူ ရမှတ် ၃ မှတ်ဖြင့် အဆင့် ၂၉ ထိ ရောက်ရှိသွားခဲ့သည်။

အခြားပွဲစဉ်များတွင် ဘာစီလိုနာက အက်စတွန်ဗီလာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့ပြီး အဆိုပါ ပရီးမီးယားလိဂ်ကလပ်၏ ရာနှုန်းပြည့် နိုင်ပွဲဆက်မှုကို အဆုံးသတ်ကာ ဂိုးကွာခြားချက်အရ အဆင့် ၃ သို့ ရောက်ရှိသွားစေခဲ့သည်။ ဘိုင်ယန်မြူးနစ်က  အက်သလက်တီကိုမက်ဒရစ်ကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အဆင့် ၈ သို့ တက်လှမ်းနိုင်ခဲ့သလို အင်တာမီလန်ကလည်း ဖီယင်နုကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်များတွင် မန်ချက်စတာယူနိုက်တက်က ရိုးမားကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သလို စပို့တင်းက ရှက်တာဒိုးနက်စ်ကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ဂါလာတာစာရေးက စတုဂတ်ကို ၂-၀ ဂိုးဖြင့်လည်းကောင်း၊ လက်စ်အသင်းက ဆလိုဗန် ဘရာတီဆလာဗာအသင်းကို ၄-၀ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကာ ဘိုဒို/ဂလင့်အသင်းနှင့် လိုင်လီအသင်း၏ ပွဲစဉ်မှာမူ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဂူလီယာနို ဆီမြွန်နီ (ဝဲ) နှင့် ဘိုင်ယန်မြူးနစ်အသင်းမှ တွမ်ဘစ်ရှော့ဖ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဂူလီယာနို ဆီမြွန်နီ (ဝဲ) နှင့် ဘိုင်ယန်မြူးနစ်အသင်းမှ တွမ်ဘစ်ရှော့ဖ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

..................................

(English Version)

PSG sets Champions League record in Villarreal rout

BERLIN, Nov. 3 (Xinhua) -- Paris Saint-Germain maintained its perfect start to the UEFA Champions League with a commanding 6-0 victory away to Villarreal on Tuesday, scoring four goals in the opening 17 minutes to set a competition record.

The defending champion extended its winning streak to four matches and consolidated its position at the top of the standings.

Luis Enrique's side broke the deadlock in the ninth minute when Joao Neves scored following a corner.

Desire Doue doubled the lead three minutes later after goalkeeper Peter Gulacsi's attempted clearance struck Maghnes Akliouche, allowing PSG to regain possession and create another opening.

Senny Mayulu made it 3-0 in the 13th minute, reacting quickest after Neves had his initial effort blocked following another turnover near the penalty area.

Fabian Ruiz added a fourth four minutes later, finishing a move that began with another turnover high up the pitch, with Akliouche providing the assist.

PSG remained in control for the rest of the first half, with Ruiz and Doue threatening again, while Ayoze Perez created a rare opening for the hosts shortly before the interval.

The visitors continued to dominate after the restart, and Ruiz completed his brace in the 50th minute, meeting a long free kick with a controlled finish through Gulacsi's legs.

Villarreal failed to seriously trouble goalkeeper Matvey Safonov despite efforts from Pape Gueye and Georges Mikautadze.

Making his Champions League debut, 17-year-old David Boly completed the rout in the 78th minute with his first goal in the competition.

PSG leads the standings with 12 points from four matches, while Villarreal dropped to 29th with three points.

Elsewhere, Barcelona climbed to second after defeating Aston Villa 3-0, ending the Premier League side's perfect start and leaving it third on goal difference. Bayern Munich moved into eighth following a 2-0 victory away to Atletico Madrid, while Inter Milan defeated Feyenoord 3-0.

Also on Tuesday, Manchester United edged Roma 3-2, Sporting CP beat Shakhtar Donetsk 1-0, Galatasaray overcame Stuttgart 2-0, LASK thrashed Slovan Bratislava 4-0, and Bodo/Glimt and Lille played out a 0-0 draw.

Photo caption 1: Alex Freeman (front) of Villarreal CF vies with Vitinha of Paris Saint-Germain during the UEFA Champions League match between Villarreal CF and Paris Saint-Germain in Villarreal, Spain, on Nov. 3, 2026. (Str/Xinhua)

Photo caption 2: Giuliano Simeone (L) of Atletico Madrid vies with Tom Bischof of Bayern Munich during the UEFA Champions League match between Atletico Madrid and Bayern Munich in Madrid, Spain, on Nov. 3, 2026. (Xinhua/Meng Dingbo)