ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် ဘရာဇီးစီးရီးအေ အမှတ်ပေးပြိုင်ပွဲ၌  ဆန်းတို့စ်အသင်းမှ နေမာ (အလယ်) နှင့် ဖလူမင်နိစ်အသင်းမှ ဖာကွန်ဒိုဘာနယ်လ်တို့ ဘောလုံးယှဉ်ပြိုင်ကစားနေကြသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် ဘရာဇီးစီးရီးအေ အမှတ်ပေးပြိုင်ပွဲ၌ ဆန်းတို့စ်အသင်းမှ နေမာ (အလယ်) နှင့် ဖလူမင်နိစ်အသင်းမှ ဖာကွန်ဒိုဘာနယ်လ်တို့ ဘောလုံးယှဉ်ပြိုင်ကစားနေကြသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ဘရာဂန်တီနိုအသင်းသည် နိုဝင်ဘာ ၂ ရက်က ဘရာဇီးစီးရီးအေပွဲစဉ် အိမ်ကွင်း၌ ဆန်းတို့စ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းအတွင်း ဝင်ရောက်နိုင်ရေး မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့သည်။

ပွဲအစပိုင်းတွင် နောက်ခံလူ ရိုဒင်နေး ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် အိမ်ရှင် ဘရာဂန်တီနိုအသင်းဘက်မှ ဦးဆောင်ဂိုးရရှိခဲ့သည်။ သို့သော် ဂါဘရီယယ်ဘာဘိုဆာ၏ ပေးပို့မှုမှတစ်ဆင့် ဖိလစ်ကော်တင်ဟိုက သေသပ်စွာ အဆုံးသတ်ကန်သွင်းကာ ဆန်းတို့စ်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။

ထို့နောက် ဟင်နရီမော့ကွာရာ၏ ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် ဝေါလေ့စ်ယန်းက ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ဘရာဂန်တီနိုတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဧည့်သည်ဆန်းတို့စ်အသင်းအနေဖြင့် ချေပဂိုးရရှိရန် အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း ဘရာဂန်တီနိုဂိုးသမား တီယေဂိုဗိုပီ၏ အစွမ်းပြ ကာကွယ်မှုများကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။

ယခုပွဲစဉ်အပြီးတွင် ဘရာဂန်တီနိုအသင်းသည် အသင်း ၂၀ ပါဝင်သော အမှတ်ပေးဇယား၌ ရမှတ် ၄၇ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး အဆင့် ၉ နေရာမှ ဆန်းတို့စ်အသင်းကို ဂိုးကွာခြားချက်ဖြင့် အသာရရှိနေသည်။ နှစ်သင်းစလုံးအတွက် ပွဲစဉ်လေးပွဲစီသာ ကစားရန် ကျန်ရှိတော့သည်။ (Xinhua)

…………….

(English Version)

Bragantino beats Santos to raise top-four hopes

RIO DE JANEIRO, Nov. 2 (Xinhua) -- Bragantino kept alive its hopes of a top-four finish with a 2-1 home victory over Santos in Brazil's Serie A on Monday.

Defender Rodinei gifted the hosts the lead with an early own goal before Philippe Coutinho equalized by finishing clinically following Gabriel Barbosa's pass.

Wallace Yan restored Bragantino's advantage as he headed in after Henry Mosquera's cross.

The visitors had several chances to equalize in the second half but were denied by a series of sharp saves from goalkeeper Tiago Volpi.

Bragantino is now eighth in the 20-team standings with 47 points, ahead of ninth-placed Santos on goal difference with four matchdays remaining for both teams.

Photo caption: Santos' Neymar (c) vies with Fluminense's Facundo Bernal during the match of the Brazilian Serie A Championship in Rio de Janeiro, Brazil, April 13, 2025. (Xinhua/Claudia Martini)