ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ဂရီမီယိုအသင်းသည် နိုဝင်ဘာ ၁ ရက်တွင်ကစားခဲ့သည့် ကိုပါဒိုဘရာဇီးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အက်သလက်တီကိုမင်နဲရိုး အသင်းကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် ခြေတစ်လှမ်း နီးစပ်လာခဲ့သည်။

ကာလို့စ်ဗင်နီစီးယပ်စ်က အဝေးကန်ချက်ဖြင့် ပထမဂိုးစတင်သွင်းယူခဲ့ပြီး ယာအိုပက်ဒရို ဖြတ်တင်ဘောမှတစ်ဆင့် အဲရစ်နိုရီယာဂါ က ဘောလုံးကို တစ်ချက်တည်း အပြင်းကန်သွင်းကာ ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့သည်။

ပွဲပြီးခါနီး ၉၅ မိနစ်တွင် သောမတ်စ်‌ကွေလိုကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သောကြောင့် ဂူစတာဗိုမာတင် ဒုတိယအကြိမ်အဝါကတ်ပြသခံရပြီး အိမ်ရှင်ဂရီမီယိုအသင်းသည် ကစားသမား ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။

အဆုံးအဖြတ်ဖြစ်စေမည့် ဒုတိယအကျော့ပွဲစဉ်ကို လာမည့် နိုဝင်ဘာ ၇ ရက်တွင် အက်သလက်တီကိုအသင်း၏ အိမ်ကွင်းဖြစ်သည့် Belo Horizonte မြို့ရှိ အရီနာ MRV ကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

နိုဝင်ဘာ ၁ ရက်တွင် ကစားခဲ့သည့် အခြားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်၌ ပါလ်မီးရပ်စ်အသင်းက ပွဲချိန်ပထမပိုင်း၌ မော်ရီစီယို သွင်းယူခဲ့သည့် တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် ဗာစကိုဒဂါးမား အသင်းကို ၁-၀ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ရရှိခဲ့သည်။

ဧည့်သည်အသင်း၏ ချေပဂိုးရရှိရန်မျှော်လင့်ချက်သည်  ပွဲချိန် ၇၇ မိနစ်တွင် ဗစ်တာရီုကီကို အလျင်စလို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့် ဥရုဂွေးနောက်ခံလူ အလန်ဆယ်လ်ဒီဗီးယား ဒုတိယအဝါကတ်ရရှိကာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပျက်ပြယ်သွားခဲ့သည်။

ဒုတိယအကျော့ပွဲစဉ်ကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ရီယိုဒီဂျနေးရိုးမြို့ရှိ ဗာစကိုအသင်း၏ Sao Januario အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

…………….

(English Version)

Gremio, Palmeiras edge toward Copa do Brasil final

RIO DE JANEIRO, Nov. 1 (Xinhua) -- Gremio took a step toward reaching the Copa do Brasil final with a 2-0 home win over Atletico Mineiro in the first leg of their semifinal on Sunday.

Carlos Vinicius opened the scoring with a long-range strike and Erick Noriega doubled the advantage by sweeping home a first-time effort after Joao Pedro's cross.

The hosts were reduced to 10 men in the 95th minute after Gustavo Martins received a second yellow card for a bad challenge on Tomas Cuello.

The decisive second leg will be played at Atletico's Arena MRV in Belo Horizonte next Saturday.

In Sunday's other semifinal first leg, a first-half strike from Mauricio gave Palmeiras a 1-0 home win over Vasco da Gama.

The visitors' hopes of an equalizer were all but dashed in the 77th minute when Alan Saldivia was sent off following a rash tackle on Vitor Roque that earned the Uruguayan defender a second booking.

The return fixture will be played at Vasco's Sao Januario stadium in Rio de Janeiro next Sunday.