မုံရွာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်အလုံး ၁,၀၀၀ လောင်းလှူပွဲကို နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် မုံရွာမြို့သူ မြို့သားများ စုပေါင်းကျင်းပခဲ့သည်။
"အခုနှစ်မှ ဆွမ်းသပိတ်အလုံး ၁,၀၀၀ လောင်းလှူပွဲလုပ်တာပါ။ အရင်နှစ်တွေကတော့ ပွဲအထိမ်းအမှတ် သပိတ်လုံး ၅၀၀ လောင်းတာမျိုး လုပ်ခဲ့တာပါ။ အခုနှစ်ကတော့ ဘုရားစျေးပွဲကိုလည်း ပြန်ဖော်ဆောင်ကြတော့ ဒေသခံတွေနဲ့ ဝန်းကျင်က ဘုရားပွဲတော်လာတွေ အတော်များပါတယ်" ဟု ဆွမ်းလောင်းပွဲသို့ သပိတ်လာပို့သူ မုံရွာမြို့ခံတစ်ဦးကပြောသည်။
မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ရှေးယခင်ကတည်းက နှစ်စဥ်ကျင်းပပူဇော်ခဲ့ကြရာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ၆ နှစ်ကြာရပ်နားခဲ့ရာမှ ယခုနှစ်တွင် ပွဲစျေးတန်းများဖြင့် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)








