ဆီနီဂေါနိုင်ငံ ဆာလီမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲအတွင်း ကမ်းခြေအမြန်လှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်း ၁၆ ယောက်အဆင့်ပွဲစဉ်၌ ပြင်သစ်နိုင်ငံမှ Elisa Guilloton နှင့် ယှဉ်ပြိုင်လှော်ခတ်နေသော တရုတ်နိုင်ငံမှ လျိုလိလိကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆီနီဂေါနိုင်ငံ ဆာလီမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲအတွင်း ကမ်းခြေအမြန်လှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်း ၁၆ ယောက်အဆင့်ပွဲစဉ်၌ ပြင်သစ်နိုင်ငံမှ Elisa Guilloton နှင့် ယှဉ်ပြိုင်လှော်ခတ်နေသော တရုတ်နိုင်ငံမှ လျိုလိလိကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၃ ရက်က Saly Beach West ကမ်းခြေ၌ ကျင်းပသည့် အမျိုးသမီး တစ်ဦးချင်း ကမ်းခြေအမြန်လှေလှော်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ လျိုလိလိက အနိုင်ရရှိကာ ၂၀၂၆ ခုနှစ် လူငယ်အိုလံပစ်ပြိုင်ပွဲအတွင်း ၎င်း၏ ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်က စူးကျွင့်ထောင်းနှင့် တွဲဖက်၍ ကျားမ စုံခတ် ခတ်လှေပြိုင်ပွဲတွင် အနိုင်ရရှိပြီး တရုတ်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ရယူခဲ့သူ လျိုလိလိသည် ယခုပြိုင်ပွဲတွင်လည်း အစမှအဆုံး ဦးဆောင်နိုင်ခဲ့ကာ ၂ မိနစ် ၃၉.၆၅ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံမှ Carolina Guerra Gonzalez က လျိုလိလိ၏ နောက် ၁၄.၂၃ စက္ကန့်အကွာဖြင့် ဒုတိယနေရာ ရရှိခဲ့ပြီး စပိန်နိုင်ငံမှ Blanca Lopez Varela က ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

............................

(English Version)

China's Liu Lili wins second gold at Youth Olympics

DAKAR, Nov. 3 (Xinhua) -- China's Liu Lili claimed her second gold medal at the 2026 Youth Olympic Games, winning the women's solo coastal beach sprint at Saly Beach West on Tuesday.

Liu, who had partnered with Su Juntao to win the mixed double sculls on Monday for China's first gold of the Games, led throughout to win in 2:39.65.

Germany's Carolina Guerra Gonzalez finished 14.23 seconds adrift of Liu in second place, while Spain's Blanca Lopez Varela claimed the bronze medal. ■

Photo caption: Liu Lili of China competes against Elisa Guilloton of France in the women's solo round of 16 at the coastal rowing beach sprint competition during the 2026 Youth Olympic Games in Saly, Senegal, Nov. 2, 2026. (Xinhua/Chen Wei)